အနန္ဒရင်ခုန်နေမယ့် ပုံပြင်
_______________________
ဘယ်လောက်ထိချစ်သလဲ ကိုကိုတဲ့
ပြန်ဖြေလိုက်ပါတယ်
အတိုင်းအတာတိုင်းထက် ပိုနေတာပဲလေလို့
တိုင်းပြစရာ မရှိသေးဘူးကလေးရေလို့
ခု သတိရတော့ သူမရှိတော့ဘူးလေ။
ကိုယ့်လိပ်စာကို သူ့အကောင့်မှာထည့်
ကိုကိုနေတဲ့မြို့ဟာ ကလေးရဲ့အိမ်ပါပဲတဲ့
အဲ့သလို ပြောပြီးတဲ့နောက်
ခဏလေး အောက်လိုက်ဦးမယ်
ဆိုပြီးးးး
စူဠလိပ် ရေထဲရောက်သွားသလိုမျိုး ။
ကိုယ်ကရေနစ်သူမို့
ငါးစာမတပ်ထားလည်း
ငါးမျှာချိတ်လေးကိုမျှော်နေမိတယ်
တွေဝေပြီးလာမျှားလှည့်ပါဦး
ကိုယ့်အသံပြောက်သည်အထိ ဟပ်လိုက်မယ်။
ရေငတ်သူမို့ပါ
မိုးခါးရည်လေးသောက်ပါရစေ ကလေး
အက်ဆစ်မိုးတွေရွာချပါစေ
သေမင်းကိုလည်း ခါးပိုက် ပိုက်ထားပါရစေ
ကိုယ်ချင်စားတရား နဲ့ ဓမ္မတေးတွေလည်း
မူးမူးမေ့မေ့ အန်ပါစေ။
တနေ့ပြီးရင် တနေ့ပေါ့
တစ်လပြီးရင်း တစ်လ
နှစ်ပြီးရင်းနှစ်သည်အထိပေါ့
အကွေ့တစ်ခုမှာ ခဏလေးငြိခဲ့ကြပေမယ့်
မေ့လို့မရတဲ့ ကိစ္စတစ်ခု
သေပြီးနောက် လူပြန်ဖြစ်ခဲ့ရင်လည်း
မှတ်မိနေလိမ့်မယ်။
ဝေးရတဲ့အကြောင်းမှာ
ဖြောင့်ချက်ပေးစရာမလိုပါဘူးကလေးရေ
လောကသဘာဝကိုက
တွေ့ ၊ ကြုံ့၊ ဆုံ၊ ခွဲ(ကွဲ)ပါပဲ
မေတ္တာတရားဟာအလှဆုံး
ယိမ်းကနေတဲ့ ပျော်ရွှင်ခြင်းတေးပါပဲ
ဖမ်းဆုပ်ချင်သူသာ ပူလိမ့်မယ်။
ဒီလို
စိတ်လျော့တေးနဲ့ဝေဒနာဆိုးကို ဖော့
ပက်ကြားအပ်ကိုယ့်ရင်ခွင်ကို
မျိုးမအောင် အဆံချောင်တဲ့အသီးတွေ
ကိုယ် ဖူးယောင် ကိုင်း လိုက်တာပဲ ကလေးရေ။
မိနစ်၃၀ဝေးတယ် ကလေးရေ
အကြင်နာတွေသံသယထိ ဝေးတယ်
ကိုယ့်အရိပ်နဲ့ကိုယ်ဝေးတယ်
အမှတ်တရ တွေ ဝေးတယ်
အိပ်မက်တွေနဲ့ ဝေးတယ်
မျက်ဝန်းခြင်း ဝေးတယ်
ကိုယ့်တွေခေါ်မှု့ထဲကအနန္ဒရင်ခုန်သံပုံပြင်တွေနဲ့ တော့
နီးနေတာပါပဲ ကလေးရေ။
Comments
Post a Comment