ဆက်​သွယ်​မှုကရိယာ အမြင်​များ

ဆက်​သွယ်​မှုကရိယာ အမြင်​များ
______________________________

ရူးသွပ်​မှု့ သတ်​မှတ်​ထားတဲ့
သ​င်္ကေတ ပညတ်​တစ်​ခု ပါ။ လား။
ဒီဆက်​သွယ်​ချက်​နဲ့ ဒြပ်​မဲ့​နေ့များ အလွန်​။မွေ့​လျော်​ခဲ့​သောကြည်​လင်​မှု့များ။ဖမ်းဆုပ်​လိုက်​တဲ့ လက်​ထဲမှာ ​အောက်​ဆီဂျင်​ နည်းပါလွန်း​​၏။ကျော်​ဖြတ်​ရန်​မလွယ်​ကူ​သော။ပင်​လယ်​ထဲ မှာ စက္ကူ ​လှေနဲ့ ​နေ့ရက်​များ။အသံ​တွေဟာနစ်​မြုပ်​သွားပြီ။အရှိတရား ဇီးရိုး မှ ဆက်​သွယ်​တန်​ဖိုးမြင့်​ဖို့ ။အကြင်​နာကိန်းတန်းများလိုအပ်​။အလှတရားရဲ့ အလွန်​မှာရှိ​သော ယဉ်​​ကျေးမှု့တစ်​ခုတစ်​​လေ။ပြင်းထန်​​သောလှိုင်​လုံးအတွင်းမှာရှိ​သောအရာ။
သိုဝှက်​လွန်းတဲ့ စက္ကန့်​အ​ရွေ့များ။ချည်​​နှောင်​မိတဲ့ အတ္တများ။အသိဉာဏ်​အပြင်​ဘက်​ ခုန်​ထွက်​ပြီး။လမ်းများဟာလူကိုမထန်းပိုးတဲ့အဖြစ်​။လမ်း​တွေကို ထမ်းပိုး ဝင်္ကပါတည်​​ဆောက်​ရင်း။မျက်​စိ​မှောက်​​နေ့များ။
သ​င်္ကေတတစ်​ခုအ​ပေါ်အမြင်​ကွဲပြားခြင်းမှာရပ်​တန့်​ခဲ့ပြီ။နောက်​။ပြီးပါပြီဟာ အစဖြစ်​ မဖြစ်​ ။အမြင်​ကွဲပြာ​သော​လောကရဲ့ *အများညီ၍ ဤကိုကျွဲဖတ်​ပုံ*။

လင်းဆက်​ပိုင်
7.4.2015


Comments