အိပ်​မက်​တစ်​ရံနဲ့ ကခုန်​ခြင်း

အိပ်​မက်​တစ်​ရံနဲ့ ကခုန်ခြင်း***

နှုတ်​ခမ်းချင်း​တေ့လိုက်​တယ်​ Cheer
ပွတ်​သီးပွတ်​သပ်​ညပါ
ပြေ​လျော့သွားတဲ့ ဆံပင်​ဖြားလျားကြားမှာ
တလွင့်​လွင့်​ ရှက်​​သွေးဖြာကျ
ဒါ အင်္ဂါ​နေ့ သဘာဝအတိုင်းလှလှကြီး
ကောင်းကင်​ဘုံအထိ ညည်း​တွားသံပျံ့
တဒုတ်​ဒုတ်​​သွေး​တွေ​စောင့်​တက်

အ​ရေပြားချင်း​တွေ့ထိလိုက်​တယ်
ပြင်း/ရှ ၀ိုင်​တစ်​ခွက်​လို
အ​သွေးအသားထဲ ဆာ​လောင်မွတ်သိပ်
ခပ်​ရှက်​ရှက်​​အပြုံး​တွေ တဆတ်​ဆတ်​တုန်​သွား
ချိုမြိန်​သွားတဲ့ ဆန္ဒများ တွယ်​ဖက်​မ၀ခဲ့

ကြင်​နာခြင်းက အသက်​ရှူသံရဲ့​အောက်
ပုန်းရှိုးခို​အောင်း
အဖူးအပွင့်​​တွေက တုန်ခါလှိုက်ဖို
မက်​​မောတွယ်​ရှိုက်​ အနမ်းမ၀ဘူး 

ချစ်​ခွန်းသီရင်​ခုန်​ညများ တစ်​ညပြီးရင်း တစ်​ည
သဘာဝက ချစ်​စရာ​ကောင်းတယ်​။
ရမ္မက်​ချိုချို  အိပ်​မက်​ခါးခါး
ဘ၀ဟာ  အချစ်စိတ်ထဲ ​​တခါတရံ
ပျော်​ရွှင်​ခဲ့ရ
မသိစိတ်​ထဲက ရှတတ  နှလုံးခုန်​သံ
မက်​​မော​နေဆဲ။

လင်းဆက်​ပိုင်
အော်​ရိုရာ


Comments