ပြည်ထောင်စုမြန်မာနိုင်ငံ
______________________
ဒီအရပ်
ဒီမြင်ကွင်း
ဒီစကားတွေ
အရာအားလုံး
မွန်းကြပ်နေသမျှ
့စိတ်ကို
ရိုတ်ခွဲလိုက်တဲ့အခါ
ဖြာဆင်သွားတဲ့
ဘာသာစကားတွေထဲ
ပုပ်အဲ့အဲ့
နိုင်ငံတော်သီချင်း
ဟာသကိုဖြစ်လို့
တိုက်ရိုက် မဟုတ်တဲ့
သွယ် ဝိုက်တဲ့
ဝလန်ပြဲ လူကြီးမင်းတို့
ဒင်းတို့ ယစ်မူးမှုထဲမှာ
ငါတို့ကို
ဂုတ်သွေးဆုပ်ခြင်းတွေ
ပြုလုပ်တယ်
သက္ကရာဇ် အဟောင်း
ကျင့်ဝတ်အဟောင်းတွေကို
စတစ်ကော်လံနဲ့
တိုက်ပုံနဲ့ ပိုးထမီနဲ့
ခေါင်းပေါင်းနဲ့
အမြီးကျက်အမြီးစာရာမှ
ပေါင်းစားခြင်းသို့
ဒီလိုဆို
ဝတ်မှုံကူးတာမဟုတ်ဘူး
အမျိုးသားရေးကို ဂုတ်သွေးစုပ်တာ
ဟင်္သာတွေဝင်စားတဲ့သူတွေလား
မှိုင်းတိုက်ဝါဒတွေ
ဒါယဉ်ကျေးမှု့ သင်္ကေတလား
နှာခေါင်းတစ်ဖက်ပဲ
အသက်ရှူ့ရရုံ
တခါးတခြမ်း ခပ်ဟဟ
ဖွင့်ထားပေးပြီး
မျိုးဆက်တွေ
တုံးသထက်တုံးစေတဲ့
မူ ကို လူတွေကလုပ်တယ်
လုပ်ပိုင်ခွင့်ဟာ လူတစ်စုလက်ထဲ
မှောက်လိုမှောက်
သွန်လို သွန်ရစတမ်းဖြစ်ရအောင်
နိုင်ငံတော်ဆိုတာ
တိုင်းသူပြည်သားအားလုံးနဲ့
မဆိုင်တော့လို့လား။
လင်းဆက်ပိုင်
22.4.2015
Comments
Post a Comment