ဧပရယ်ဖူး(fool) အရင် ခပ်စောစော
ပိတောက်တွေပွင့်တယ် ။
ကလေးမရှိတဲ့အခါ။
သူတို့ရဲ့ ရနံ့ဟာ ဆွံ့အ ရတယ်။
ချစ်တယ် ဆို စကားဟာ
ရွှေရောင်မဝင်းတော့ဘူး။
ပြန်လာပါကလေး
ရာသီချိန်မှတစ်ခါသာပွင့်ရသူမို့ပါကွယ်။
ရာသီခွင်
__________
ချစ်ခြင်းရာသီ မင်းကူညီပေါ့
ကိုယ်အလွမ်းတွေ စိတ်ပျက်လွန်းပြီ
ပျော်စရာလေး မျှော်ကားတွေးလည်း
ဘယ်ဆီဘယ်မှာ တမ်းတစရာ
အသံသာညင်း ရင်ထွင်းစကား
ကြင်သူနားမှာ မခါးရအောင်
ပိုက်ထွေးယုယ သုခပေါကြွယ်
မြတ်နိုးခွင့်လေး ပေးချင်တယ်။
လင်းဆက်ပိုင်
4.4.2015
Posted via Blogaway
Comments
Post a Comment