နံနံပင်​များ

နှစ်​သစ်​ကူး၏နံနံပင်​များ
________________________

စကား​ပြေေ​လတွေတိုက်​ခတ်​​နေသည်
ဇေယျာလင်းကိုချဉ်းကပ်​ကြသည်
ဇော်​​ဇော်​​အောင်​အလုပ်​ရှုပ်​​နေ​တော့သည်
မင်းခက်​ရဲစာများဉာဏ်​တိမ်​သူများမကြိုက်​ကြ​ပေ
အိုရှိုး၏ ဒဿနများ ​ရောင်း​ကောင်း​နေဆဲဖြစ်​သည်
ဟန်​​တောင်​ကိုဘာသါပြန်​ကြသည်
မူကာရာမိကို အပြာစာ​ပေဟု သတ်​မှတ်​​နေပြန်​သည်
ပုဇွန်​ဆိတ်​ဦး​ဏှောက်​များ ပင်​လယ်​ကူး​နေကြသည်
နေမျိုး၏မည်​​နေ​သောထရမ်းပက်​စာအုပ်​ကို လူ​တွေမကြိုက်​ကြ​ပေ
စာ​ပေ​လောကပြတိုက်​တစ်​ခု တည်​​ဆောက်​ဖို့ကြိုးပမ်​နေကြသည်
အကျယ်​အဝန်းမှာပါးစပ်​တစ်​​ပေါက်​သာ ရှိသည်
တံခါးကိုမူ ထူးဆန်းစွာ တံ​တွေး​ထွေး၍ဖွင့်​ရသည်
တခါးဝတွင်​သမ္မတပုံ ပန်းကနုတ်​တို့ဖြင့်​ လှပလွန်းသည်
အထွက်​တွင်​တခါးကို​ ကန်​၍ထွက်​ရသည်
ဗိသုကာ​တော်​လွန်းသည်​ဟု ဂျာနယ်​တွင်​ချီးမွမ်းကြသည်
ခေါင်း​ဆောင်​နဲ့သတ္တိဆို​သော သိပ္ပံလှစိုးစာအုပ်​ကို လွှတ်​​တော်​အမတ်​များမဖတ်​ကြပါ
ဆိနိတ်​အမတ်​​တွေကို သ​ဘောမကျ၍ဖြစ်​နိုင်​သည်
လူထုစိန်​ဝင်း၏ရှက်​စိတ်​စာအုပ်​များလူငယ်​​တွေမဖတ်​ကြပါ
ကျော်​ဝင်း၏စာအုပ်​​တွေ ​ယဉ်​​ကျေးမှု့ခြင်းတိုက်​ခတ်​သည်​ တတိယလှိုင်း​တွေထန်​​နေချိန်​ဖြစ်​သည်
ဘာသာစကားနဲ့ယဉ်​​ကျေးမှု့ အဘယ်​သို့ပါတ်​သတ်​​နေပါသနည်း
သု​သေသနလုပ်​ရင်း​သေဆုံးကုန်​ကြသည်
လူသည်​​မျောက်​ကဆင်းသက်​လာသည်​ဟူ​သောအယူအဆများမှန်​နိုင်​သည်
ကွန်​ဆာ​ဗေးတစ်​​တွေ ဒီမိုသို့ခုန်​ကူးကြသည်
ထို့​ကြောင့်​ဖုတ်​ဝင်​သည်​ဟု သတ်​မှတ်​သည်
အဖြူ​ရောင်​သည်​ အ​ပေါက်​အပြဲများနှင့်​ အ​မှောင်​ဖုံး​နေသည်
ထို့​ကြောင့်​ဆီလီကွန်​နဲ့ဖာ​ထေးကြသည်
နှစ်​သစ်​ဟာအ​ဟောင်​ကြီးအတိုင်းသစ်​​နေ​တော့သည်​။

လင်းဆက်​ပိုင်
17.4.2015



Posted via Blogaway


Comments