ပညတ်​အလွဲလမ်း​လေးဟာ နိဗ္ဗာန်​ဘုံပဲလား

ပညတ်​အလွဲလမ်း​လေးဟာ နိဗ္ဗာန်​ဘုံပဲလား
_________________________________________

အေးမြ​သောညတစ်​တွင်​ဖြစ်​သည်
လမ်းသွယ်​​လေတစ်​ခုအတွင်းသို့အတင်းတိုးဝင်​လာခဲ့သည်
အတင်းအဓမ္မ​ လမ်းထဲသို့ဝင်​ခဲ့ခြင်းဖြစ်​သည်
ထိုလမ်းသည်​ ကြိုးတန်း​လေး​ပေါ်မှ​လျှောက်​ရခြင်းဖြစ်​သည်
အမှန်​တကယ်​ဆိုဝင်​ဖို့မသင့်​​သောလမ်းဖြစ်​သည်
သို့​သော်​ ကျွနု​ပ်​သည်​ ပိုးဖလံနှင့်​DNAတူ​သော​ကြောင့်​ဖြစ်​နိုင်​သည်
ထိုလမ်းက​လေးကိုအချစ်​ဟု ရဲရဲတင်းတင်း ​အမည်​​ပေးလိုက်​သည်
ဒါသည်​ပင်​ ဗဟုဆန်​ခြင်းဖြစ်​သည်
အချစ်​ဟာအချစ်​ပဲဖြစ်​သည်
အချစ်​ဟာချစ်​​နေဖို့ဘဲဖြစ်​သည်​ဟု
ရောင်​ရဲနိုင်​​သောသူ မရှိပါ​ဟု ​ပြောချင်​သည်
အချစ်​နဲ့ပါတ်​သတ်​​သောစစ်​ပွဲများစိတ်​၏အိပ်​ကပ်​ထဲတွင်​ပြည့်​လျှံ​နေသည်
အချစ်​ကိုဆဲချင်​သည်
အချစ်​ကိုနမ်းချင်​သည်
အချစ်​ကိုအနိုင်​ကျင့်​ချင်​သည်
အချစ်​ကိုမဒိန်းကျင်​ချင်​​နေကြသည်​ဟု​ပြောလျှင်​လည်းရသည်
လိင်​အခွင့်​အ​ရေးအရ နှစ်​ဦးသ​ဘောတူလျှင်​အဆင်​​ပြေသည်
အချစ်​ကိုဆီလီကွန်းထိုးထားသည်
အချစ်​ကို ကွန်​ဒုံးစွပ်​ထားသည်
အချစ်​ကို အိုခြင်း ပျိုခြင်းဟု သတ်​မှတ်​ခြင်းသည်​ ခွဲခြားခြင်းသာဖြစ်​သည်
ဘုရားသခင်​သည်​သူ၏လိင်​ကိုသင်​ကွပ်​ထားခြင်းမဟုတ်​​ပေ
လူသားအရင်းအမြစ်​ဖွံထွားလာခြင်းအစသည်
ဖန်​ပြွန်​ သ​န္ဓေသား(test-tube baby)မှမဟုတ်​​ပေ
ချက်​​တော်​ကို လက်​​တော်​နဲ့ရစ်​ခြင်းကအစလည်းမဟုတ်​နိုင်​​ပေ
အချစ်​သည်​ ကမ္ဘာ​ပေါ်​တွင်​​ပျောက်​ကွယ်​​နေ​သော ဒဏ္ဍာရီပုံပြင်​ ဖြစ်​သည်
ပိုက်​ဆံ​ပေး၍ဝယ်​လို့ရ​သော
ဂုဏ်​ပကာသနနဲ့ ဓနနဲ့ဝယ်​လို့ရ​သောအချစ်​သာ ကမ္ဘာ​ပေါ်တွင်​ကျန်​ရစ်​ခဲ့သည်
ဒါ အချစ်​နဲ့ အမွှာပူး​တော်စပ်​​သည်
အချစ်​ဖြူနဲ့ အချစ်​နက်​ဟု အမည်​​ပေးထားလိုက်​သည်
ဒီသတ်​မှတ်​ချက်​သည်​ ​ယေဘုယျဆန်​ဆန်​ပင်​ဖြစ်​သည်
လောကတွင်​ဘယ်​အရာမှအလကားမရဘူးဆို၍
အချစ်​ကိုဝယ်​စားကြခြင်းလည်းဖြစ်​နိုင်​သည်
နွားနို့သည်​တိုင်း​ရေ​ရောသလိုမျိုး
အချစ်​သည်​လည်း​ရေ​ရောထားကြသည်
အချစ်​သည်​ Googleတွင်​ရှာလို့မရ​သော အမျိုးအစားသာဖြစ်​သည်
ကျွန်​​တော်​ရဲ့2014 ​အောက်​တိုဘာ ရှစ်​ရက်​သည်​ကြိုးတန်း​ပေါ်တွင်းလမ်း​လျှောက်​​နေသည်
ခဏခဏကြိုးတန်း​ပေါ်မှ​ချော်​ကျသည်​ မ​သေမချင်း အချစ်​လို့​အော်​ရင်းကြိုးတန်း​ပေါ် ​ခေါင်းမာစွာ ဆက်​​လျှောက်​​နေ​တော့သည်​။

လင်းဆက်​ပိုင်
17.4.2045




Comments