ကြွေကျတဲ့မျက်ရည်ဟာ လင်းတယ် နွေးမြတယ်
_____________________________________
ကိုယ့်ရဲ့ အမှောင်ထောင့်မှန်လေးရေ
နှစ်သစ်ရဲ့ပြက္ခဒိန်ထဲပုန်းခိုနေပါရစေ
အေးစက်ခြင်းနံရံကို ကုတ်ခြစ်ဖို့ပေါ့
အကြင်နာတရားမှာအိပ်မက်နံ့သင်းနေစဲ။
အကယ်၍များပေါ့
ကိုယ်ဟာ မေတ္တာဓာတ်တွေ
အဆုံးစီရင်ဖို့
ကြည်လင်လန်းဆန်းတဲ့
အပျိုစင်မလေးရဲ့ လေစိမ်းတွေပဲလိုအပ်ရဲ့။
ပွင့်လိုက် ကြွေလိုက် လောကဓံမှာ
ဘုရားသခင်ဟာ
သူမရဲ့ အနက်ရောင်အလင်းတောက်ပတဲ့
အင်္ကျီလေးယူဆောင်ပေးခဲ့ ။
အဦးအစကမ္ဘာမှာ
မီးဟာကြောက်စရာကောင်းပေမယ့်
နောက်တော့
လိုအပ်ခြင်းတွေဖြစ် လက်ပွန်းတတီး အိမ်ထဲကိုဝင်ခွင့်ပြုရတာပါပဲ။
လင်းဆက်ပိုင်
16.4.2015
Comments
Post a Comment