ချစ်သူမရှိဘူး
အထီးကျန် နေ့ရက်တွေ
ငါဖြတ်သန်းရင်း ။
အဝေးက သူမ ပျော်ရွှင်ပါစေ
ငါဆုတောင်းပေးတယ်
မိုးလင်း မိုချုပ် ချစ်သူကို မျှော်လင့်ရင်း
ပြန်မလာမှာ သိနေပေမယ့်
တိတ်တခိုးလေး စောင့်နေမိတယ်
ချစ်သူကို အပြစ်မမြင်မိပဲ
စွဲလမ်းမိတဲ့ ငါ့ကိုငါ့အပြစ်တင်တယ်
ချစ်သူတွေဖြစ်ရင် သူမကို အပိုင်ရမယ်ဆိုတဲ့
အတွေးမျိုး ငါမတွေးပါဘူး
တခါတရံတော့
သူမအသံ သူမအပြုံးလေး
ဘာရယ်မဟုတ် တမ်းတမိတာပါ
ကိုယ့်လို အပေအတေအတွက်
လောကကြီးက ချစ်တက်အောင်
ဆုံခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်
ငါ့အချစ်ကို လက်ခံပေးတဲ့ သူမကိုလည်း အားနာတယ်
သူမ ဘာတွေလုပ်နေသလဲ ငါမသိဘူး
သူမ ငါ့ကိုမေ့သွားသည်ဖြစ်စေ
ရက်စက်သည်ဖြစ်စေ
ကျေနပ်မိတယ်
တစ်ခါလောက်အပြင်မှာဆုံခဲ့ရင်
သူမရဲ့ ခြေဖမိုးလေးကို နမ်းချင်တယ်
သူမရဲ့ ကျေးကျွန်ဖြစ်ခွင့်ရချင်တယ်
ဒါမှမဟုတ် ခွေးတစ်ကောင်လို သူမကို
ပွတ်သီးပွတ်သပ် နေခွင့်ရချင်တာ
ဒီလို သေးသိမ်ခွင့် ငါမရခဲ့ဘူးလေ။
လင်းဆက်ပိုင်
10.4.2015
Posted via Blogaway
Comments
Post a Comment