သူလိုကိုယ်​လိုမှုများနှင့်​အ​ရှေ့ပိုင်းသဲပွင့်​များ

သူလိုကိုယ်​လိုမှုများနှင့်​ အ​ရှေ့ပိုင်းမှသဲပွင့်​များ


အိမ်​ပြန်​​နောက်​ကျတတ်​တဲ့ဆယ်​​ကျော်​သက်လို ​ခြေသံ​တွေ
တစ်​ခုခုကိုခိုးယူ​တော့မလို
တကယ်​တမ်း
ကိုယ့်​ဆီကကိုယ်​ပြန်​ခိုးထားတဲ့
ကိုယ်​လည်းမပိုင်​တဲ့အရာ
ယုံကြည်​ရာကို ရာခိုင်​နှုန်း​တွေတပ်​ပီး
လေးစားသမှုမရှိပုံမျိုး
သင်္ချာ ​တွေကို စိတ်​မချရ
ခေါင်းစ​ခြေဆုံးလှုပ်​ရှားမှုတိုင်း
အလိုရရှိမှုဟာ ဂျပန်​စကားတစ်​ပွင့်
ဆန္ဒဟာ ​ရောဂါတစ်​ခု
ဖြည့်​ဆည်းမှုဟာ ​ဆေးတစ်​ခုဆို
ပျော်​ပွဲစားရုံထဲက ရမ္မက်​ ​တွေကို
သည်းခံ ထိန်းချုပ်​ဖို့ တရား​ဟောလို့ရပါ့မလား
ရွေးချယ်​မှုမှာ လုပ်​သင့်​တဲ့အရာမရှိ
လုပ်​ကိုလုပ်​ရမဲ့အရာ​တွေနဲ့ 
နောင်​တ​တွေကို​ကြောက်​တတ်
စိတ်​သွားတိုင်းကိုယ်​ပါဖို့ထက်​ ကိုယ်​သွားတိုင်းစိတ်​ပါဖို့
တန်းလျား​အောက်​​ အိုးပုတ်​ဂျိုးရုပ်​​​​တွေက
လယ်​စပ်​ကနွားနားရွက်​နားကပ်
တိုးတိုး​လေး​ပြောခဲ့တဲ့အသံ
ပဒိုင်းသီးစားရုံ​လောက်​နဲ့ ရူးသွပ်​ဖို့
လူဖြစ်​ဖို့​လေးလအလိုတည်းက ဦး​နှောက်​ရဲ့ အာရုံခံစားမှုဟာ သံဓာတ်​မရရှိခဲ့
For specials only ဆိုတဲ့ lab ​ရှေ့
လွပ်​လပ်​မှုကို​ကျော​ပေးထား​သော
အ​ရှေ့ပိုင်းမှ သူလိုကိုယ်လို​သဲပွင့်​များ။

####Toothless


Comments