ပျော်ရွှင်ခဲ့ဘူးတဲ့မုသားနယ်မြေ
______________________________
တနေ့မှာ တစ်လက်မလောက်ရှေ့တိုးခွင့်ရှိသေးလား
စိတ်ကိုထိုးခွဲသွားတဲ့ နူးညံ့ခြင်းလေးရေ
အံ့အားသင့်စေတဲ့ ခလုတ်တိုက်မှု့နဲ့
ငါလဲကျ
ပွင့်ချင်ယောင်ဆောင်ထားတဲ့ပန်းခင်းထဲ
သူမရဲ့နှုတ်ခမ်းပေါ်ကမှဲ့နက်လေးဟာတိတ်ဆိတ်လွန်းတယ်
ဒါ ကစားနည်းတစ်ခု
ဆွံ့အဖို့ မျိုသိပ်ရတဲ့ လှိုင်းလုံးတွေ ရင်ထဲမှာ ဒရိန်းဒယိုင်နဲ့
ပွေ့ဖက်ဖို့ မေ့ပစ်ဖို့ စိတ်ကူးယဉ်ဖို့
မျှော်လင့်ခြင်းတွေခြားတဲ့အရပ်မှာ
ငါနေထိုင်းရင်းကွယ်
ဘယ်တော့မှ Activeမဖြစ်တော့တဲ့
လမ်းတွေဟာ
အရည်မရအဖတ်မရသူမရဲ့ဖုန်းနံပါတ်ပါပဲ
စူးစမ်းခြင်း လေ့လာခြင်းတွေကို ငါ
ပွတ်သီးပွတ်သပ် လုပ်မနေတော့ဘူး
သူမရဲ့ပြူတင်းပေါက်မှာ နားရှိခဲ့ရင်
ကိုယ့်ရဲ့တမ်းတတက်တဲ့အမှောင်ဆုံးစကားတွေအကြောင်း
သူမကြားရပါလိမ့်မယ်
ကိုယ်ရဲ့တွေးခေါ်မှု့ကြွက်သားတွေကိုက်ခဲ နာကျင်
မေးခွန်းရော အဖြေရော ဒဏ်ကြေဆေးလိမ်းရင်း
အာရုံကြောတွေ လျော့
ခေါင်းအုံး အောက်မှာဖွက်ထားတဲ့
သူမအမည် သုံးလုံးကို ဖွင့်မကြည့်သင့်တော့ပါ
ဘယ်တော့မှ
မေတ္တာနယ်ဆီ ငါလည်းမရောက်နိုင်တော့သလို
စနစ်တကျ တည်ဆောက်ခြင်းခံရတဲ့
ကျကွဲသွားတဲ့ နေ့ရက်တွေနှမျောမိပါတယ် ။
လင်းဆက်ပိုင်
15.4.2015
Comments
Post a Comment