ယဉ်​​ကျေးမှု ရှူ့​ထောင့်​ရဲ့ဒီဂရီ

ယဉ်​​ကျေးမှုရှူ့​ထောင့်​ရဲ့ ဒီဂရီ
______________________________

အချစ်ဆိုတာ
နားရဲ့ ဧရိယာတလျောက်ကပ်ပြီးအော်နေတဲ့ ခြင်အော်သံလို
အိပ်ရေးပျက်စေတယ်

အဆင့်​တန်းခွဲတဲ့ သူမမျက်​ဝန်းထဲမှာ
ငါ့အိပ်​မက်​က​လေးပုန်းခို​နေ
ဉာဏ်​​ကောင်းတဲ့ သူမဟာ
လူကိုမသတ်​ပဲ စိတ်​ကိုသတ်​တယ်

သူမရဲ့ မှတ်​ချက်​မှာ
ငါက ဖန်​စီလည်းမဟုတ်​ ကွာလတီလည်းမဟုတ်
ဘေထုပ်​ပုံထဲက ဘယ်​သူမှမ​ရွေးချယ်​တဲ့
မျက်​ရည်​​တွေစွန်း​ပေ​နေတဲ့ ချည်​သား
စွပ်​ကျယ်​​လေးပါပဲ

တ​နေ့​နေ့မှာ လက်​နှီးစုတ်​​လေး ဖြစ်​ခွင့်မရှိတဲ့ ​ကောင်​ပါ
ရေဒီယိုမှာ နံနက်​တိုင်း လွင့်​ပျံလာတဲ့
မေတ္တာဓမ္မ​တေးဟာ
ပျက်​ရယ်​ပြုစရာ ဟာသပါပဲ က​လေးမရယ်
မေတ္တာတရားဟာ လူ​တွေနားမလည်​တဲ့ ဘာသာစကားစစ်​စစ်​ပဲ

ပတ်​သတ်​ဆက်​နွယ်​ဖူးတဲ့ ​နေ့ရက်​​တွေ
အခု မနှစ်​မြို့မှု့​တွေ သွယ်​တန်း
တစ်​ဦးစီ ကင်းကွာ​စေဖို့ ချစ်​သူလို့ ​ခေါင်းစဉ်​တပ်​မိတဲ့
ပုဂ္ဂလိကခံစားချက်​တို့ရဲ့ ရာသီ​ပြောင်းချိန်​ပါပဲ
သတိရခြင်းမှာ အထိအခိုက်​နဲ့ ရိုးသားစွာ ​ဝေးသွားခြင်း
သာမာန်​​ညောင်းည အလွဲသီအိုရီ​တွေအသက်​သွင်းခဲ့ကြယုံပါပဲ က​လေးရယ်​။

လင်းဆက်​ပိုင်
16.4.2015


Comments