မိုးကုတ်​စက်​ဝိုင်းနားကအပြုံး

မိုးကုတ်​စက်​ဝိုင်းနားကအပြုံး
______________________

ငြိမ်​သက်​​နေတယ်​ရုပ်​ရဲ့အတွင်းမှာ
မသိချင်​​ယောင်​​ဆောင်​ထားတဲ့ အသိတစ်​ခု
တချို့အရာ​တွေက မသိချင်​​ယောင်​​ဆောင်​ရတာပို​ကောင်းတယ်
ကိုယ်​စီဟန်​​ဆောင်​ထားလည်း
နားလည်းခြင်းဘာသာစကားနဲ့
ကြမ်းသလိုလိုနဲ့ နူးညံ့​နေမိတယ်
ပြောင်းလဲလို့မရတဲ့အရာမဟုတ်​​ပေမယ့်
စောင့်​ထိန်းရတဲ့ ကျင့်​ဝတ်​​တွေကို မုန်းတယ်
ဆန္ဒ​တွေ​ခွေ​ခေါက်​ပြီး ရယ်​​မောရ
လုံး​ချေဆုတ်​ဖြဲလိုက်​တဲ့ စာရွက်​ထဲမှာ
ငါတို့ ယဉ်​​ကျေးမှု ​တွေ မ​ကျေနွမ်းပါဘူး
ချစ်​​သောအဝါ ချစ်​​သောခရမ်း အိပ်​မက်​နန်းမှာ
အပွင့်​အခက်​​တွေ လင်းကြည်​​နေမှာပါ
အာရုံခံစားမှုတိုင်း ညီညွှတ်​စွာ​ရေးထားတဲ့ သဘာဝတရား
မိုးရနံ့နဲ့ သစ်​ရွက်​တို့ရင်​ခုန်​သံအကများ
ကံကြမ္မာ ​ဆောင်းသံညင်းလည်း
ယုတ္တိ​ဗေဒ​တွေက ကုတ်​ခြစ်​တယ်​။

လင်းဆက်​ပိုင်
5.4.2015


Comments