သန့်စင်ခြင်း
___________
ဆက်သွယ်မှု့အရွေ့များ တောင်းတစရာမဲ့
အကြောင်းအရင်းတိုင်းလည်းအပြစ်မဲ့
ကိုယ်ထူကိုယ်ထလျှို့ဝှက်သဲဖိုများ
စံ ပုံသေကားချပ်များ ကွန့်မြူးစရာအခြေအနေမဲ့များ
ဖူးပွင့်ခဲ့သောကြိုးအရှုပ်များ
အတူငေးကြည့်ဖူးသော အနာဂတ်များ
နောက်ဆုံးစကားတစ်ခွန်းရောက်မလာခင်
ကွယ်-ပျောက်သော
အပူများသလောက် အလင်းမဲ့
အိပ်ပျော်နေသောကြယ်တစ်ကောင်ရဲ့
နိုးထခြင်းဟာ အရူးထမှု့နဲ့
အလွှာခြားနေသော သက္ကရာဇ် ရဲ့ ပထဆုံးနေကို
ရဲရင့်ခြင်းအဖြစ် ရေးထိုးခဲ့သော ချစ်သဝဏ်လွှာ
ဘယ်တော့မှရှင်ပြန်ထမြောက်ဖို့မရှိတော့တဲ့
အောက်တိုဘာနေ့စွဲတစ်ခု
ဆက်ဆံရေးကျဲသော အမှတ်အသားများ
ဥပဒေသတိုင်းဟာ လိုအပ်ခြင်းများနဲ့ရှင်သန်နေသလို
အထက်စီးဆန်တဲ့ကြိုးကွင်းများနဲ့
လည်ပင်းကိုချိတ်ဆွဲလိုက်တဲ့နောက်
ငြိမ်သက်သွားသော အာရုံများ။
လင်းဆက်ပိုင်
7.4.2015
Comments
Post a Comment