ခိုင်​လုံမှု့မရှိခြင်း

ခိုင်​လုံမှု့မရှိခြင်း
______________

ဒြပ်​မဲ့ဆန်​လွန်း​သော ရာသီဥတု
ရှာပါးတဲ့ ဆက်​သွယ်​​ရေးစနစ်​နဲ့
မချိတင်​ကဲ ဖြစ်​​နေရုံထက်
ပိုလန်းဆန်းမယ့်​ နာရီ ​မျှော်​​နေရုံလား။

တူညီညာရုန်းဖို့ တယ်​လီပသီနည်း
အချိတ်​အဆက်​ ကြားမှာ
ခြားနားထားတဲ့ မသိကိန်းတန်းများ
အ​ရွေ့​တွေတိုင်းဟာ ​နောက်​ပြန်​လဲကျခြင်းနဲ့ပဲ။

ကျ​နော်​မိတ်​​ဆွေ အဆင်​မ​ပြေတဲ့​ကောင်​နဲ့
လက်​ပွန်းတတီး ​အရိုင်းဆန်​လိုက်​တယ်
ချုပ်​​နှောင်​ခံရတဲ့ စာသား​တွေ
မ​ရေးခင်း(စိတ်ထဲ)​တည်​​ဆောက်​လိုက်​ခြင်းပဲ။

ငါ့ရဲ့
ဗရမ်းဗတာ ပြန့်​ကျဲ​နေ​တယ်​(ထင်​ရ​သော)
မသိမှု့ဖြစ်​စဉ်​ များ
သူမ ခံစားနားလည်​မှု့ရှိခဲ့ရင်
ရေဒါမှာမိ​နေမယ့်​ စာနာတရား​လေးပဲ​ပေါ့။

လင်းဆက်​ပိုင်
2.4.2015


Comments