ဤ​သေတ္တာအား မဖွင့်​ရ


ဤ​သေတ္တာအား မဖွင့်​ရ
______________________

၁။
နေ့ခင်းအိပ်မက်ဟာအားနည်းနွမ်း​လွန်းးး
နွေပူပူမှာ ရေဆူဆူသောက်ပြီး ရင်အေးလိုက်ရသလို
ဒီအိပ်မက်ဆိုးကို ဖတ်တွယ်ထားရင်း။

၂။
အားပါတရသောက်လိုက်တာပဲ
သောကရေတွေ မကုန်မချင်
အရိပ်နောက်ကိုလိုက်ဖို့ ငါဟာအရိပ်ဖမ်းသူဖြစ်ခဲ့တယ်
လျှို့ဝှက်တဲ့ အရိပ်ဟာ ခြေသံလုံလွန်းတယ်
ဟော.... ငါဖမ်းမိတဲ့ အရိပ်ဟာ အရိပ်အတုတဲ့ ။

၃။
ကပ်သီးကပ်သပ် တင်းကြပ်ကြပ်ပဲ
ခိုးသွားတဲ့ * ခ* ​သေင်္ကတ ဘယ်လိုခေါင်း​စဉ်တပ်ထားသလဲ
အိပ်မက်ကိုဖားလျားချ ဘယ်ကိုလမ်းသလားနေတာလဲကွယ့်
ရိုးရိုးသားသားညာခဲ့တာတွေပဲလား
ဒါဆို ရိုးရိုးလေးပဲ ခက်ခဲပြီ။

၎။
လေထဲခုန်​ဝင်းသွားတဲ့အရိပ်​ကို
ထိုင်​မျှားဖို့ ဇွဲလိုတယ်
ဒီစိတ်​ဒုက္ခတွင်းမှာပဲစခန်း​ချမျှားနေမိတာ
ရေပွတ်​ပမာ ဘဝတစ်​ခုစာလုံး​ပေါ့။

၅။
ကိုယ်​ဟန်​ပြအရိပ်​တိုင်း
နှိုင်​ရသီအိုရီ​တွေ မလိုအပ်​ဘူး
မေတ္တာပါဝင်​တဲ့ စာနာခြင်း​တွေ​ပေါင်းကူးတံတားထိုး
အရိပ်​စစ်​စစ်​ ​နဲ့ လာခဲ့ပါ (မခို့တရို့​လေး)
ကော်​ပီကူးထားတဲ့ ဒဿန​တွေ မ​ပြော​ကြေး
တွန့်​​ကြေ​နေတဲ့ မှိုင်းတိုက်​ဝါဒ​တွေ ဘယ်​ကသယ်​လာဦးမှာလဲ။

၆။
စိတ်​ကူးယဉ်​ခြင်းမှာ အစွန်းအထင်း​တွေ​ပေကျံ
အိပ်မောကျနေတဲ့ အထီးကျန်သီချင်း
ဘယ်သူလှုပ်နှိုးလိုက်သလဲ မသိ
တယောထိုးသံတွေဟာ
ယုံကြည်ဖို့မကောင်းတဲ့အရပ်ကလာတာပါပဲ ။

၇။
ညက်ညက်ကြေအောင် ကိုယ် အရင်လို မကတော့ဘူး
အရိပ်​ဖမ်းခြင်းမှာ​​တဏှာအရသာ​တွေ နဲ့
အစပ်​အဟက်​ဟာ ဗဟုဆန်​လွန်းတယ်
ပြန်​မလာတဲ့ အရိပ်​ဟာ အဇ္ဈတ္တရဲ့
ပဋိပက္ခ အသံထဲမှာ ပုန်း​နေတယ်​။


လင်းဆက်​ပိုင်
4.4.2015


Comments