နာရီအသေတွေ နောက်ကျောပွင့်နေတယ်
___________________________
ကြင်နာခြင်းတစွန်းတစနဲ့သာ
တမ်းတနေမိသူ
သစ်ရွက်ကြွေတိုင်း ဆွေးတသသဖြစ်ရ
ပေးခဲ့ဖူးသော ချစ်အနမ်းများရယ်
လေမှာ ကွယ်ပျောက်
သူ ပြေးပုန်းသွားခဲ့ပြီ။
မြတ်နိုးခြင်းတိုင်းအလွဲ နဲ့
ပိရိသေသပ်စွာ အသားကျနေသူ
မျက်ကွယ်အလွမ်းတွေပဲ နမ်းရ
ပြန်မလာတော့တဲ့ နေ့စွဲလေးတစ်ခု
ဘာကို မျှော်ရင်း စောင့်ရမလဲ
ဖွင့်ဟပြောဘူးတဲ့
ကတိစကား တွေ ငါဆီပြန်မလာတော့ဘူး ။
တူညီစွာခြားနာဖို့ဆိုလည်း
ပတ္တာပြုတ်နေတဲ့ မျက်လုံးစိမ်းတွေ
ငါပိုင်ဆိုင်တဲ့ အရာမထင်တဲ့ အရာ
ရိုးသားမှုမှာ ကိုယ့်အခွင့်အရေးဟာထောင်ကျရ
ပြည့်ကြပ်တဲ့ဆန္ဒတွေဟာ အသစ်စက်စက်
သေဆုံးချိန်ဖြစ်ခဲ့တယ်။
ဆာလောင်မှု စုပ်ယူခံရတဲ့
အရောင်ကန်းနူးညံ့မှုတွေ
အိပ်ရေးမဝတဲ့ တိတ်ဆိတ်ခြင်းတွေ
စိတ်ခမ်းခြောက်နေထိုင်မှု့များ မှန်ထဲမှာ
ပေါလောမျောလို့ အကြည်ဓာတ်တွေဝေဝါးစွာ ။
အပျောက်အရှများတဲ့ ပျောက်ကွယ်ဆန္ဒ
ဘယ်တော့များမှ
ကောက်ယူသိမ်းဆည်းခွင့်ရမလဲ
အားလုံး ချစ်ခြင်းရဲ့စေခိုင်းရာအတိုင်း
ရင်ဘတ်ချင်း မိတ်ဆက်မိပါရဲ့
ပိတ်မှိတ်နေတဲ့ ကြမ္မာတရား
အသံတိတ်နဲ့ နားထိုင်းသွားခဲ့တယ် ။
လင်းဆက်ပိုင်........အော်ရိုရာ
13.4.2018
်
Comments
Post a Comment