တံခါးပိတ်နေတဲ့အလင်းအိမ်
______________________
စိတ်ဟာသိုဝှက်လှောင်ဖို့
အလွမ်းတွေကိုခွင့်ပြုတယ်
ဒါဟာ
အလင်းရောင်တွေ သိမ်းထားမှုလို့
ယုံကြည်လိုက်တာပဲ ။
ရင်ညွှန့်မှာ လူတွေမမြင်နိုင်တဲ့
နူးညံ့မှုဖျော့ဖျော့လေးလင်း
တစ်ယောက်ယောက်တော့သိမယ်လို့(သူမ)
အိပ်မက်တွေညတိုင်းမက်ခဲ့တယ်။
မကောင်းဆိုးဝါး ဆိုတာ
ငါတို့ကြားမှာ ခြားသင့်တာထက် ပိုပြီး
ဝေးစေတဲ့ နာရီလက်တံတွေ
အနာဂတ်ကိုဖမ်းဆုတ်ဖို့ အိပ်မက်တွေပေကျံနေဆဲ။
လင်းဆက်ပိုင်
28.4.2018
Comments
Post a Comment