စကားထာဖွက်​တဲ့စကားတစ်​ခွန်း

စကားထာဖွတ်​တဲ့ စကားတစ်​ခွန်း
____________________________

မှန်​ထဲမှာ​ပေါ်​နေတဲ့အရိပ်​ဟာ
ငါ့ကိုယ်​ပွားလား
မျက်​ဝန်းထဲက​ကြေကွဲရိပ်
တသက်​တာဒုက္ခတစ်​ခု ထမ်းပိုးထားသလို
စိတ်​ကို ပြန်​ဝါးမြိုမယ့်​ စိတ်​လှိုင်း​တွေ
တစ်​စုံတ​ယောက်​ရဲ့ ကမ္ဘာထဲ
တိုးဝင်​​ပျောက်​ကွယ်​မယ့်​ မိုးစက်​ပွင့်​​လေးလို
မျက်​နှာဖုံးတစ်​ခုတပ်​ဆင်​ရင်း
သွေးဆဲလ်​ထဲစီးဆင်း​နေတဲ့အသံများ
အရာအားလုံး အနီ​ရောင်​အဆင့်
ဆု​တောင်းစကားဟာအားငယ်​သူအတွက်
မိုးလင်း မိုးချုပ်​ အလုပ်​ရှုပ်​​စေတဲ့
အာသာ​ဖြေ ဘာသာ​ဗေသစနစ်​တစ်​ခု
ဒဏ်​ရာဆိုတဲ့အသိဟာ နာကျင်​မှုကို
ဖြစ်​​စေတက်​တယ်​လို့များ
ပြဌာန်းချက်​​တွေရှိ​နေသ၍
တွေး​ခေါ်မှု​တွေ ​မေးခွန်းထုတ်​ဖို့
အဇ္ဈတ္တထဲတိုးဝင်​ခဲ့​သော ​ပြောင်းပြန်​​တွေးနည်းတစ်​ခု
အချစ်​ဆိုတာပုံစံခွက်​ထဲမှာကျ​ရောက်​​နေတဲ့
အဖြူ​ရောင်​ဆန်​တဲ့အတ္တလို့
ဘယ်​သူများ ကင်​ပွန်းတပ်​ခဲ့သလဲ
အခက်​​တွေ့​စေတဲ့ညင်​သာမှုများ
နှစ်​ကိုယ်​တူချမှတ်​ခဲ့တဲ့ စည်းကမ်းချက်​မှာ
စိ​တ်​တွေကျိုး​ကြေ​အောင်းတိုးဝင်​ခဲ့​သော
အဖျားတက်​ည​တွေ
အခု​တော့အရာအားလုံးဟာ​ကောင်းကင်​ထဲ
တိမ်​​တွေရဲ့အမှန်​တရားလို ရွာချဖို့
ကိုယ်​စာမျက်​​နှာတွေ အ​ငွေ့ပျံပြစ်​လိုက်​ရပုံပါပဲ။

လင်းဆက်​ပိုင်
29.4.2015


Comments