အစာသွပ်ဖို့မေ့ကျန်ခဲ့တဲ့နံနက်စာ
_____________________________
နေခြည်စအတင်းလှုပ်နှိုးတဲ့ ငါ့အာရုံများ။
ခပ်လံလံ ရောက်နိုင်ဖို့ ခပ်လေးလေး။
ဘယ်မှာလဲ။
မိုးမျှော်စိတ်ကူးတွေ ဟာလိပ်စာကဒ် ။
စံတော်ချိန်၃၀မိနစ် ခုံဖိနပ်လေယာဉ်ပျံငါစီးလို့။
ဒီအတွေးကို စားသောက် သတ္တုရည်ဖန်ခါး အကြံမြောက်နိုင်လွန်းရဲ့။
ရောက်တက်ရာရာစိတ်ကူးတွေပဲဖြစ်လိမ့်မယ်။
ကာလသုံးပါးငါတို့ကြားမှာခြားပြီကိုး။
စက္ကန့်တံနဲ့အတူ တစ်လှမ်းခြင်း တစ်လှမ်းခြင်း။
ငါ့ရင်ခုန်သံဟာ လျော့ လျော့ လာပုံ။
ဒါလည်းကောင်းခြင်းတမျိုးပါပဲကိုး။
သူမရဲ့ ဖန်ဆင်းခံကလွတ်မြောက်ဖို့ခြေလှမ်းတို့ ။
လေးပင်မြူးကြွဖွယ် နွမ်းအောင်းလန့်ပြီပေါ့။
ငါ့မှိန်ပြမှုတွေ ဘာတွေများ ထပ်ကွန့်စရာကျန်ရှိနေသေးသလဲ။
မေ့လွယ် ပျောက်လွယ်ဖြစ်ဖို့ပဲ ပိုသေချာခဲ့ပါမယ်။
ပစ္စုပ္ပန်တွေရှိသေးလား။
ဒီမှတ်တိုင်ဟာနောက်ဆုံးပဲ ကိုး။ရှေ့မှာထပ်စီးဖို့ လမ်းမရှိတော့ဘူး ဆို။
စီနင်းခဲ့သမျှနေဝင်သွားငါနှစ်သက်မိတဲ့အရသာ
လို ။
လင်းဆက်ပိုင်(ပျဉ်းမနား)
19.5.2015
Posted via Blogaway
Comments
Post a Comment