လေပြည်လေးတိုက်ခတ်လည်းကြွေမှာပဲ
__________________________________
*အလို* ဆိုတဲ့ ဗဟုဆန်မှုနဲ့
ငါ ကောင်းကင်ဘုံနဲ့ ဝေးခဲ့
ငါတည်ဆောက်တဲ့ စကားလုံး တည်ဆောက်ပုံတိုင်း
နည်းစနစ်အားနည်းစွာ လွမ်းနည်းဟာ
သောက်ချိုးမပြေတော့ဘူး
အဲ့လိုပဲဖြစ်မှာပါ
သတိရတိုင်း သတိရ ရရတိုင်းပေါ့
မောနီးလို့ ဆိတ်တိတ်စွာ နှုတ်ဆက်လိုက်တယ်
ရင်ဘတ်ကွဲအောင်ဟစ်အော်ဖူးတဲ့နေကလည်း
သူ မကြားပါဘူး
အထင်ရယ် အမြင်ရယ် ဝေဝါးမှု မဖြစ်စေဖို့
သိမှုတွေ format ချခဲ့ပြီးတဲ့နောက်
အာရုံခံစားမှုတွေ ဟင်လင်းပြင်ဖြစ်ခဲ့
ကျေးဇူးပြု၍....
တစ်စုံတစ်ရာတောင် လာပါတ်သက်ခွင့်
အလင်းရောင်တွေလို ဟန်ဆောင်မလာပါနဲ့
ကန်းသူတစ်ယောက်ရဲ့အတွေးမှာ
အသိဉာဏ်တိုင်း ဝပ်အားနည်းထားပြီ။
အဲ့လိုပဲဖြစ်မှာပါ
ချစ်ခြင်းလေးမြတ်မှုဆိုတာ
တိုက်ဆိုင်တဲ့အချိန် တဒင်္ဂလေးပဲ
ဝမ်းနည်းသလိုလိုခံစားမှုမျိုး
ပြီးတော့လဲ ပြီးသွားမှာပဲပေါ့
အဲ့လိုပဲဖြစ်မှာပါ
အခုလို....မျိုး
နံနက်ဖြန်တိုင်း ရူးသွပ်စွာ တိုးဝင်ဦးမှာ
ငါ့ရှင်သန်မှု စကေးမီတာများအတိုင်းထိ။
လင်းဆက်ပိုင်
30.4.2015
Comments
Post a Comment