လွဲနေဆဲခေါင်းစဉ်တပ်မှု
"""""""""""""""""""""""""""
မတူညီတဲ့ သီးခြားတစ်ခုစီကိုပေါင်းစပ်ဖို့
ခေါင်းစဉ်လှလှလေးတပ်
ဒီခေါင်းစဉ်အောက် ညီညီညွှတ်
တွန်းကန်နေတဲ့ ပေါင်းစပ်မှု
နားလည်းခြင်းရဲ့ နားမလည်မှုဆီ
အလျော့အတင်းမှာ ဓားတွေထက်မြ
သွေးယူရင်း
ပြိုင်တူတိုးဝင်ခဲ့တဲ့ သင်္ကေတဟာ
တစ်ဦးကိုတစ်ဦးဖောက်ထွက်သွားတဲ့
အမှန်တရားဆီ
အလင်းရောင်ဟာ မှောင်လွန်းတာထင်ပိုမှောင်
ခန်းစီစကိုဖြတ်သန်းတိုးဝင်လာတဲ့လေပြည်မှာ
အာသာဖြေအလင်းရောင်ပါမလာခဲ့
ပြင်းရှမှုကို အရှိန်လျော့ဖို့
မသိမှုထဲတိုးဝင်နေတဲ့ ဘဝအဟောင်းမှ
အလေ့အကျင့်များဟာ သူတော်စင်လို
အစွန်းရောက်လို
အဇ္ဈတ္တဟာ ပုံသဏ္ဍာန်မဲ့ ကြောက်ရွံ့စေဖို့
ဘောင် အနားတွေကျော်ဖြတ်ဖို့
အမှောင်ဟာ နက်သည်ထက်နက်လာပြီး
ဖောင်းခနဲ ထပေါက်ကွဲသွားတဲ့
အလင်းရောင်နဲ့တူတဲ့အလင်း
လမ်းချိုးလမ်းကွေ့တွေထက်မှာ
သွားရည်တများများ တစ္ဆေ
ပါးစပ်ကထွက်ကျလာတဲ့ အပုပ်နံသင်းတဲ့
ကျည်ဆံတွေ ကို အချစ်လို့ ပလ္လင်ထက်မှာတင်
စိတ်ခြောက်ခြားသော စန္ဒရား မြည်သံများ
အမှန်တရားဟာ အမှန်တရားနဲ့ဝေးခဲ့
လက်တစ်လုံးခြားချစ်ခြင်းများဆီသို့
ဟန်ဆောင်ထားတဲ့အေးချမ်းမှုမှာပျော်နေကြပြီ
အိုးးးလောကကြီး။
လင်းဆက်ပိုင်
29.4.2015
Comments
Post a Comment