အိမ်ပြန်လမ်းလေးပေါ်မှာပဲ ငုတ်တုပ်
________________________________
မနာကျန်းမှုတွေ တိတ်တဆိတ်
ထမ်းပိုးပြန်လာခဲ့ပါပြီ
လောကရဲ့ ရောဂါပိုးမွှားတွေ
ငါ့ဒဏ်ရာတွေပေါ်ယွစိတက်လို့ပေါ့။
တောတွေပြောင်းခဲ့တယ်
တတော ပြီးတော့ တတော
ဘယ်မှာလဲ ရေကြည်ရာမြတ်နုရာတွေ
သေခြင်းတွေပဲ ငါ့မှာ နုပျိုလိုက်ရတာ။
အသားတင်ကြီးစီးစီးပိုင်ပိုင်
ငါ့မှာ လောကဓံအပွင့်အခက်တွေနဲ့
ပါးပြင်းထောင်နေတက်တဲ့အပြုံးတွေနဲ့
ချစ်စရာပါပဲ ခမ်းခမ်းနားနား အပြုစားခံခဲ့ရ။
လူ့အခွင့်အရေး လုံခြုံမှု
စိတ်ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ဖို့
ဘယ်သူက အာမခံပေးမှာလဲ
အထက်စီးဆန်တဲ့ဝါဒတွေဟာ
ထွန်းကားလာတဲ့မြို့ကြီးတွေပဲပေါ့။
နာမည်ကြီးတဲ့ လမ်းတွေ
နာမည်ကြီးတဲ့ မြို့လယ်ခေါင်မှာ
ငါ့ခံနိုင်ရည်တွေ ငါ့အရည်ခွံတွေ တီးခတ်ရ
ပျော်ရွှင်ခြင်းဟာပျောက်ကွယ်နေတဲ့အသက်ရှူမှုထဲကအပြုံးပါပဲ။
ငွေစက္ကူတွေအရေးကြီးတယ်ဆိုလည်း
ကျွန်တော့ သင်္ချာညံ့လွန်းပါတယ်
အလဲလဲ အကျိုးကျိုးနဲ့ ငါ့အိမ်ပြန်လမ်း
နွေးထွေလုံခြုံတဲ့ အမေ့အိမ်နဲ့
မျော်လင့်ခြင်းဟာ လွတ်ကျနေရတုန်း
လောကတွင်းဟာ နက်လွန်းတာထက်ပိုနက်လွန်းပါတယ်။
လင်းဆက်ပိုင်
12.5.2015
Comments
Post a Comment