လပ်​ကီးဂဏန်း

လပ်​ကီး ဂဏန်း
_________________

အမှတ်​သညာနည်းလွန်း
ဓား​တွေ တ​ချောင်းပြီးတ​ချောင်းအစိုက်​ခံရ
အခု 7​ချောင်​​မြောက်​ဓားတစ်​စင်း
တန်းလန်းနဲ့
ငါဟာ လူ့အဖွဲ့အစည်းထဲက ကံဆိုး​ကောင်​ပဲ
ငါပတ်​သတ်​ခဲ့မျှ အထိုးခံရတဲ့ ဓားချက်​​တွေ
နှလုံးအိမ်​တည့်​တည့်​မှာ.....
သက်​ရှိလူသားတစ်​​ယောက်​ရဲ့ ခံစားချက်​​သေ​နေတဲ့မျက်​နှာ
ဒီမျက်​နှာဟာ လင်းဆက်​ပိုင်​လို့ ​အမည်​တွင်​တယ်
ရှုံးနိမ့်​ခြင်း​တွေ တလွှာပြီးတလွှာ
ပြန်​ဖတ်​ဖို့ အမှားပြင်​ဆင်​ဖို့...
အမှန်​တရားဆိုတဲ့စကားလုံး
ငါစိတ်​ကိုပိုပြီး​ခြောက်​ခြား​စေခဲ့
ကြောက်​ရွံ့မှု​တွေသာတိုးဝင်​လာခဲ့
အမိုက်​တရား​တွေလင်း​နေတဲ့​လောက
လူဟာ လူပီသဖို့
ကောက်​ကျစ်​မှု​တွေကို ​မတ္တာတုသုတ် လိမ်း
အလင်းအိမ်​ဖွဲ့ဓား​တွေ ငါဘဝ
စဉ်​​ကောလုပ်​ခြင်းခံရ
အချစ်​ဆိုတာ နှလုံးသားတစ်​ခုလုံး အရှင်​လတ်​လတ်​ ငရဲကျဖို့ပဲ။

လင်းဆက်​ပိုင်
01052015


Comments