မျက်ဝန်းလှိုင်းထဲကအသံသင်္ခန်းစာ
=========================
ငြီးတွားမိ စိတ်တခေါ်စာ အကွားအဝေမှာ
အပြင်းအထန် ငေးရီရင်း
ပုံရိပ်တချို့ ငါ့နားထဲ လှောင်ရယ်(ရီ)
သင်္ဘောဟာ ဆိုက်ရောက်မလာတော့တဲ့
ကမ်းနဖူးဘေး
ကြယ်တွေ ရေတွက်ကြည့်
သဲမွမွလေးတွေ တဆုပ်စာ
တပွင့်ချင်း တပွင့် တွက်ရည်
ဒါ မျက်ရည်စတွေ
ဝင်ကစွပ်တကောင်လို သူမစိတ်ထဲ
တိုးဝင်ဖို့
မဖြစ်နိုင်ခြင်းတွေ တစ်ခု ခုနေ
တစ်ခုခုစီ မှားနေ
စိတ်ကူးစိတ်သန်းထဲက ပီတိ
ရှည်လျားဝေးလွင့်
သမုဒ္ဒရာလောက်ကြီးတဲ့ ငရဲအနမ်းတွေ
ပွတ်ပွတ်ထအောင် ငါးစာချခဲ့
စိတ်တွေကြွေကျခဲ့ပြီး
ငါ့ ကမ္ဘာရှာမတွေ့ပဲ
ငါဆိုတဲ့တီထွင်မှုမှာ နာရီတွေစက်ပျက်
သဘာဝတရားထဲမှာ လူဆိုတာ
ခဏခဏ စိတ်ပျက်စေခဲ့တယ် ။
လင်းဆက်ပိုင်
7.5.2015
Comments
Post a Comment