ဖွာလန်ကျဲအောင်အရစ်ပြုန်းတိုးဝင်မှု
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿
အဇ္ဈတ္တမှာ
မြင့်မြတ်တဲ့အာရုံခံစားပုံတဲ့လား
ပေါ်ပြူလာမဖြစ်ဖြစ်အောင်
လူပြိန်ကြိုက်
ဘောင်သွင်းခံဘာသာစကားမှာ
ငြိနေပုံ
ကိုယ်ကျင့်တရားမပါသော
(ကိုယ်တိုင်ကျင့်ကြံသောတရားမပါ)
ကလေးကစားစရာ အရုပ်သင်္ကေတများ
သူ့ရဲ့နှစ်သက်မှု့ဟာ အလွှမ်းမိုးခံရ
လော်ဘီ ထွင်လုံးများကြား
သိမှတ်မှု့အခြေအမြစ်မဲ့နေပုံများ
တစ္ဆေတစ်ကောင်ရဲ့ ဆေးလိပ်သောက်ဟန်နဲ့
သူရူးရဲ့ ရယ်သံမျိုးနဲ့ ခြောက်လန့်
ကိုယ်တိုင် ပိတ်မိနေတဲ့ထောက်ချောက်ထဲမှ
လွတ်မြောက်ခြင်းစကားလုံးတွေ
ဝါဒဖြန့် ဖြီးဖြန်းနေ့များ
မွန်းကြပ်တဲ့စက္ကန့်အရွေ့နဲ့အတူ
ကြော်ငြာထဲ သွတ်သွင်းထားတဲ့သေနတ်တွေ
ဖတ်မိသူတိုင်းသေစေညွှန်းဖို့ ရည်ရွယ်ချက်နဲ့
တွေးခေါ်ခြင်းတွေ ဝတ်မှုန်ကူးနိုင်းစွမ်းမဲ့
ပွင့်ခဲ့ဖူးသော ဘုရားသခင်တို့ရဲ့
အမည်နာမတွေရွတ်ပြီးသာယာနေကြ
ဖြစ်ပျက်မှု့တွေ သူ့ကိုယ်မှာ မရှာဖွေပဲ
လွတ်မြောက်ခြင်းလို့ ဟစ်အော်ခဲ့
လမ်းတွေတိုင်းညည်ညူခြင်း
စိတ်တွေ စိုရွှဲအောင်ချခဲ့ရင်
ငါ့ဗဟိုပြုခြင်းမှ မလွတ်မြောက်နိုင်ခြင်းနဲ့
သဘောထားကြီးတဲ့ အတ္တတွေသာ ပုပ်စော်နံခဲ့ပြီ။
လင်းဆက်ပိုင်
23.4.2015
Comments
Post a Comment