နေ​ရောင်​ထဲမှာငါ့အရိပ်​မရှိ​တော့ဘူး

နေ​ရောင်​ထဲမှာငါ့အရိပ်​မရှိ​တော့ဘူး
________________________________

နေ့မအား ညမအား သူမ ဆံပင်​ဖားလျားမှာ သတိရခြင်းဟာ *ကခုန်​တယ်​*
ဒါ...တမင်​ပြုလုပ်​ဖန်​တီးထားတာ​တော့မဟုတ်​​ပေဘူး
သူမရဲ့​ကော့ရွှန်းမျက်​​တောင်းဖျားမှာ
သူမရဲ့ မျက်​ဝန်းနက်​ထဲမှာ
သူမရဲ့လည်​တိုင်​​ပေါ်မှာ
တွယ်​ကပ်​​နေတဲ့ ကိုယ်​ရဲ့ တက်​တူးပုံအလွမ်းများ
အတိတ်​ထဲမှာစီးဆင်း​နေမြဲကိုယ့်​​နေ့ရက်​များ....
တသက်​လုံးစာကြိုက်​နှစ်​သက်​မိတဲ့ဒီအရသာ
ဒီရင်းနှီးမှုကို​မေ့နိုင်​ဖို့ကြိုးစားရတာ
သိပ်​​တော့မဆိုးဝါးပါဘူး
သူလိုကိုယ်​လိုနိစ္စဓူဝဒုက္ခပါပဲ
သူမ၊အချစ်​ ​တွေး​ခေါ်မှု ယဉ်​​ကျေးမှု​ပြောင်းလဲပုံ မုသားများ သူစိမ်းလူလို
ဘာ​ကြောင့်​များငါ့ရဲ့အ​ဝေးကိုထွက်​ခွာသွားတာလဲ
ဘာပဲဖြစ်​ဖြစ်​ ၁၈ရက်​ကိုတစ်​ခါမိုး​တွေရွာတယ်
နှင်း​တွေထန်​တယ်​ ​ရွက်​​တွေ​ကြွေတယ်
ဘာပဲဖြစ်​ဖြစ်​ ငါ့​အော်​သံကို ငါ အဓိပ္ပါယ်​မဖွင့်​​တော့ဘူး။

လင်းဆက်​ပိုင်​(ပျဉ်းမနား)
17.5.2015


Comments