ကိုယ်တွေ့ဖြစ်ရပ်
_____________
ဒီမယ် အလွမ်းသယ်မနေနဲ့  ဟုတ်စ
ယုတ္တိကျတဲ့ အသဲကွဲခြင်းနဲ့ မတော်တဆ ကြုံဖူးရင်သိလိမ့်မယ်
ဘာသာပြန်မနေနဲ့ သဒ္ဒါ စနစ်ကိုကအမှားတွေပဲ
ဘာပဲဖြစ်ဖြစ် ပေါင်းခြင်း နှုတ်ခြင်း မြောက်ခြင်း စားခြင်းတွေ လမ်းဖြတ်ကူးနေကြတာပဲမို့လား
လူတိုင်းမှာ လည်ချောင်းထဲ တစ်ဆို့နေတဲ့ စကားလုံးတွေ ရှိနေကြတာပါပဲ
ဖြတ်သွား ဖြတ်လာ သံဝေဂတွေမြင်လိုက်လား
ခင်ဗျားခန္ဓာကိုယ်ထဲကထွက်ပြီး ခင်ဗျာကို ခင်ဗျာ ပြန်ကြည့်လိုက်ပါဦး
ခင်ဗျားရဲ့မေးခွန်းတွေ နူးညံလျင်ယောင်ဆောင်နေလိမ့်မယ်
ဒါဟာ လူဆို လူစင်စစ်ပါပဲ
အချိန်ပြည့်ခင်ဗျား ညောင်းညာကိုက်ခဲနေတာတွေ့လိမ့်မယ်
ဘယ်ကိုမှမရွေ့တော့တဲ့ ခင်ဗျားရဲ့ဖျော်ဖြေမှုကိုတွေရပါလိမ့်မယ်။
လင်းဆက်ပိုင်( ပျဉ်းမနား)
13.5.2015
Comments
Post a Comment