မိုး​နေတဲ့ရာသီ

မိုး​နေတဲ့ရာသီ
_________________

လေလုံမိုးလုံ​နေရသူအတွက်​ မိုးရာသီဟာ​ပျော်​စရာ​ပေါ့။ မိုး​အေး​အေးမှာ ​ကော်​ဖီတစ်​ခွက်​ စာအုပ်​တစ်​အုပ်​နဲ့ ဇိမ်​ရစ်​​နေရတာ အရသာလို့ ဂုဏ်​ယူ​ပြောတက်​ကြသလို့​ပေါ့။ မိဘရဲ့​ထောက်​ပံ့မှု့​ကြောင့်​ ​အေး​အေးလူးလူး ပညာသင်​ကြား​နေရသူအတွက်​ ​အောင်​မြင်​​ရေး​မျှော်​လင့်​ချက်​​တွေနဲ့။ဆရာဝန်​ကြီးဖြစ်​ဖို့ ၊အင်​ဂျင်​နီယာကြီးဖြစ်​ဖို့၊ဘာဖြစ်​ဖို့၊ညာဖြစ်​ဖို့​ပေါ့ ဂုဏ်​ယူဝံ့ကြွားစွာ​ပြောတက်​ကြတယ်​​လေ။

တကယ်​​တော့မိုးရာသီဆိုတာ အလုပ်​ပါး ၊ ​နေ​ရေးထိုင်​​ရေးအဆင်​မ​ပြေတဲ့ ရာသီပဲ။ ​ခေါင်​ဖွင့်​​နေတဲ့ အမိုးရယ်​ ​ဟောင်း​လောင်းပွင့်​​နေတဲ့ဆန်​အိုရယ်​ ။တ​နေ့ တ​နေ့ နပ်​မှန်​ဖို့ ​ခေါင်​ပူ​အောင်​စဉ်​စားရတဲ့အခါ ကျွန်​တော်မိသားစု​လေးအတွက်​​မိုးရာသီဟာ မ​အေးချမ်း​တော့ဘူး။

ကျွန်​​တော့အသက်​၁၂ ။ဒီနှစ်​​ကျောင်းမတက်​ရ​တော့ဘူး။ မိသားစုဆန်​အိုးအတွက်​ ကျွန်​​တော်​ လ္ဖက်​ရည်​ဆိုင်​မှာ စားပွဲအလုပ်​ လုပ်​ရ​တော့မယ်​။ ဒီ​နေ့ဟာ အဖြူအစိမ်းယူနီ​ဖောင်းကို မီးသဂြိုလ်​တဲ့​နေ့ပါပဲ။ ကျွန်​​တော်​​ပျော်​​နေတယ်​။မိဘကို အကူအညီ​ပေးနိုင်​ဖို့ တ​ထောင့်​တ​နေရာက ပါဝင်​ခွင့်​ရခဲ့ပြီပဲ​လေ။

တကယ်​ဆို ဒီအလုပ်​ လုပ်​ရတာ မိုး ရာသီ​ကြောင့်​​တော့မဟုတ်​တန်​ရာဘူး။ ​အောက်​ဆုံးအလွှာလူတန်းစားအတွက်​​တော့ အ​ကောင်းဆုံးအိပ်​မက်​ဟာ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ မိဘကို ​ငွေ​ကြေးဝိုင်းရှာ ​ပေးနိုင်​တာဟာ ဂုဏ်​ယူစရာပါပဲ။ ဒါဟာ ကျွန်​​တော်​တို့ရပ်​ကွက်​မှာ​တော့ ဂုဏ်​တက်​ဖွယ်​လုပ်​ရပ်​ပါပဲ။

ဒီလိုနဲ့ လ္ဖက်​ရည်​ဆိုင်​မှာ စားပွဲထိုးရင်း အားလပ်ချိန်မှာ​​ဂျာနယ်​​လေး​တွေ ဖတ်​ရင်း၊စာအုပ်​​လေး​တွေဖတ်​ရင်း၊ ဘဝသင်္ခန်းစာကိုသင်​ယူရင်း၊ ကျွန်​​တော်​ဟာ လူပျို​ပေါက်​အရွယ်​​ရောက်​လာတယ်​။ အချစ်​ဆိုတာ ကို စိတ်​ဝင်​စားလာတယ်​​ပေါ့ဗျာ။

ဆိုင်​မှာနံနက်​တိုင်း လာဝယ်​​နေကြ ​ကောင်​မ​လေးကို ချစ်​မိတာကစပြီးးး။ကျွန်​​တော်​ သိမ်​ငယ်​တက်​လာတယ်​ ။ မရှိဆင်းရဲသား ပညာမတက်​တဲ့ တက်​သစ်​စလူငယ်​​လေးရဲ့ ဘဝ​ရှေ့​ရေးကို ​တွေးရင်းးးနဲ့။ ကျွန်​​တော်​ အလုပ်​ထွက်​လိုက်​တယ်​ ကြီး​ကောင်​ဝင်​လာပြီဆို​တော့ ဒီအလုပ်​ကို မလုပ်​ချင်​​တော့ဘူး​လေ။
ကိုယ်​နဲ့ ရွယ်​တူ​တွေလို ရည်းစားထားချင်​တယ်​ ။ ဆိုက်​​တွေဂိုကိ​တွေထုတ်​ချင်​လာတယ်​ ။ ဒါဟာလူ့သဘာဝတစ်​ခုပါပဲ။
မိုး ရာသီ​တွေ တစ်​ခုပြီး တစ်​ခုကြားမှာ ကျွန်​​တော်​ဟာ မိုး ခံ​နေရစဲပါပဲ။

ကျွန်​​တော်​ဟာ စာတို​ပေစ​လေး​တွေဖတ်​ရင်း အ​တွေးအနည်းငယ်​​တွေးတက်​လာခဲ့တယ်​။
လက်​ဦးဆရာမည်​ထိုက်​စွာ ပုပ္ပါစရိယ မိနဲ့ဖ တဲ့ ။ကျွန်​​တော်​ စားပွဲထိုးဖြစ်​တာ မိဘ​ကြောင့်​လား။

ကျွန်​​တော်​ ပညာသင်​ချင်​လာတယ်​။
လူ​တောထဲတိုးရင်း အရာရာဟာ မျက်​စိသူငယ်​ နားသူငယ်​ ဘဝ ။
စိတ်​​တွေ​ခြောက်​ခြားလာတယ်​။
အ​ခြေခံလွှာကို ဘယ်​သူ​တွေမြင့်​တင်​​ပေးနိုက်​သလဲ။ ကျွန်​​တော်​ အင်​ဂျင်​နီယာကြီးဖြစ်​ချင်​တယ်​ ။ စိတ်​ကူးနဲ့ ​ဆောက်​ခဲ့ဖူးတဲ့ အိမ်​​လေးကို ​ဆောက်​ချင်​​သေးတယ်​။***တကယ်​လို့ပညာသင်​ခွင့်​ရမယ်​ဆိုရင်​ ဘွဲ့လက်​မှတ်​အတွက်​မဟုတ်​ တဲ့ တကယ်​ပညာကိုကျွမ်းကျင်​တဲ့သူ***ဖြစ်​ချင်​တယ်​။ ကျွန်​​တော်​ အိမ်​မှာ ဘွဲ့လက်​မှတ်​ချိတ်​ရုံ သက်​သက်​မဟုတ်​ပဲ တကယ်​တက်​​မြောက်​ချင်​တာ​လေ။

ကျွန်​​တော့်​အသက်​ ၁၈ရှိပြီ။ ပန်း​ရံလုပ်​တယ်​။ အ​ဆောက်​အဦးတည်​​ဆောက်​ပုံ​တွေ အုတ်​စီပုံ​တွေ ၊ ဘိလပ်​​မြေစပ်​ဟပ်​ပုံ​တွေ ၊ စ​ကေးယူနစ်​​တွေ​လေ့လာရင်း ကျွန်​​တော်​ ပန်းရံမှာ ​ပျော်​​မွေ့​နေတယ်​။တ​နေ့ ပန်းရံဆရာဖြစ်​ရမယ်​​ပေါ့။

တကယ်​​တော့ အင်​ဂျင်​နီယာဖြစ်​ခွင့်​မရှိလည်း အမြင့်​ဆုံးပန်းရံဆရာ​တော့ဖြစ်​ခွင့်​ရနိုင်​တယ်​ ဆိုတဲ့ အ​တွေးနဲ့.....။
နောက်​ မိဘဆိုတာ အသိဉာဏ်​ ရှိဖို့ဆိုတဲ့အ​တွေးရယ်​၊စာ​တွေဖတ်​ရင်းးးအနာဂတ်​ကို ကြို​တွေး။ကိုယ့်​မျိုးဆက်​ကို အ​ကောင်းဆုံးပုံ​ဖော်​နိုင်​ဖို့ မိဘကအဓိကဆိုတာ......။

လင်းဆက်​ပိုင်
26.4.2015


Comments