မိသားစု

မိသားစု
++++++

မြစ်​ရဲ့​ကောက်​​ကွေ့မှုထဲစီးဝင်​ဖို့
လောကဓံအခိုးအ​ငွေ့​တွေလွှင့်​တင်
ဒီအရာ​တွေကပဲတိုက်​စား
ငါ့ပခုံးသားများ တအိအိပြိုဆင်း
အိုးးး​လောကဓံရဲ့အပွင့်​အခက်​များ။

ဘဝဆိုတဲ့အ​ဆောက်​အဦးထဲ
အက္ခရာကွဲလွဲချက်​​တွေနဲ့
တစ်​မိုး​အောက်​ထဲပဲ
မိသားစုဆိုတဲ့​ခေါင်းစဉ်
ကကြီးမှ *အ*အထိ ဟင်းလင်းပွင့်​​နေ​လေရဲ့ ။

အိပ်​မက်​နဲ့တူအောင်​အိပ်​မက်​ဖို့
မျှော်​လင့်​ချက်​ဟာပြယ်​လွင့်
လက်​​တွေခံစားမှု လက်​ငင်းအထီးကျန်​မှုထဲမှာ
သေပြီးသားစိတ်​​တွေပဲအခိုးအ​ငွေ့ဝိဉာဉ်​လိုဆိုက်​​ရောက်​လာ
မေတ္တာတရားဟာHomesickပဲ။

လင်းဆက်​ပိုင်
28.4.2015


Comments