လူသေတစ်ယောက်ရဲ့ အပြုံးတွေ တွဲလွဲခိုတဲ့ ဓာတ်ပုံထဲကည
_______________
နှလုံးသားရဲ့ပုံဖမ်းကာချပ်မှာ
သူ နေရာယူတယ်
အချိန်ရှိသ၍စိုးမိုးနေပြီ
ဒီလို စိတ်ရဲ့ခံစားချက်ကို
အချစ်လို့ခေါင်းစဉ်တပ်ရမလား။
မျက်ဝန်းနှစ်ခုဆုံချိန်
အသံတွေ ကြည်နူးလို့
Pauseလုပ်ချင်ခဲ့
နောက် စကားလုံးတွေအဖြစ်
သူ့အာရုံထဲစီးဝင်ချင်မိ ။
အချစ်ရဲ့ သင်္ကေတလို့ ဘာသာစကားနဲ့ တည်ဆောက်
သူ လက်ခံယုံကြည်ခဲ့ရင်တော့.....
နိမိတ်ပုံတစ်ခု အဖြစ်
ကြည်းနူးရိပ်ခြင်းပူးကပ်ခဲ့။
နူးညံ့မှုတွေရဲ့ အလွန်
အလွှာခြားပေါက်ကွဲမှု ဆီသို့
ခံစားမှု့ရဲ့ အတွင်းသားများ
ကိုယ်တိုင်ပွတ်သပ်ကြည်ဆယ်ရင်း
လိမ်ချိုးခဲ့သော အတ္တကမ္ဘာ။
အရာရာဘာမှမဖြစ်သလို
နေရတဲ့အခါ
ပတ်သတ်ဖူးတဲ့ နူးညံ့မှု့
ကဗျာအပိုင်းအစများ
ဟိုးးးးအနီးဆုံးမှာ ဝေခဲ့ရပြီ။
Comments
Post a Comment