ကြည်လင်ခြင်းနောက်ဆက်တွဲများ
_______________________________
စိတ်တွေကြည်လင်နေတယ်ဆိုတာ သူမကိုသတိရမှုပဲ။
လွမ်းတယ်။အတွေးတွေပူတယ်။ဦးဏှောက်တွေခြောက်တယ်။ဒါဟာ ကိုယ်ရဲ့ကြည်လင်မှု စက္ကန့်အရွေ့တွေပေါ့။သိမ်းဝှက်ထားတဲ့ စကားလုံးတွေဟာ ကျယ်ပြန့်လာတယ်။အမှန်တရားဆီကို ရောက်ဖို့ ကြည်လင်တဲ့စိတ်နဲ့ ငါနေပါတယ်။ငရဲခန်းဆိုတာ ကိုယ့်အတွေးထဲမှာရှိနေတဲ့အရာပါပဲ။
နိဗ္ဗာန်ဆိုတာလည်းအတွေးထဲမှာရှိနေတဲ့အရာပဲ။ကိုယ့်ရဲ့ သောကရှစ်ထပ်ဟာ စစ်မှန်တဲ့ နိဗ္ဗာန် ပါပဲ။
လောကရဲ့ဘယ်နေရာမှာမှ ငရဲနဲ့နိဗ္ဗာန်မရှိနိုင်ပါဘူး။
သူမမြင်အောင်လည်းငါမပြတော့ဘူး။
အချစ်ရယ်နာကျင်မှုရယ် ဘယ်တော့မှရောက်မလာတော့မယ့် အိပ်မက်ကလေးရယ် ငါရယ် ကြည်လင်းစွာနေထိုင်ပါတယ်။သူမသောက်တဲ့ကော်ဖီထဲမှာ အခါးပိုခဲ့တယ်ဆိုရင် ငါကျိန်စာတိုက်တယ်လို့မှတ်ယူပါ။ညညတရေးလန့်နိုးတဲ့အခါ ငါခြောက်လှန့်မှုလိုစွပ်စွဲပါ။ဒါဟာ ငါ့ဒဏ်ရာရဲ့အသံကြည်လင်မှုပါ။ငါ့ကို ဥပေက္ခာပြုပါ။ငါ့ကြည်လင်မှုတွေ အနူးညွှတ်တောင်းပန်သံကြားရင် နှိပ်ကွပ်ပါ ။ ငါ့ဒဏ်ရာတွေ အထီးကျန်ပါစေ။ပိုင်ဆိုင်လိုစိတ်များတဲ့ ငါ့မေတ္တာကို မင်းကျိန်ဆဲပါ။အတ္တကောင်လို့ သမုတ်ပါ။
ကိုယ်ဘယ်လောက်လောင်ကျွမ်းနေပါစေ။မင်းမှောင်တယ်ပြောပေးပါ။အမှောင်တိုင်းကြည်လင်ခြင်းတွေလို ငါပြုံးလို့ပေါ့။ဘာပဲဖြစ်ဖြစ်ရောက်ရာအရပ်မှာ ငါ့ရဲ့ကြည်လင်းမှုတွေကို စနစ်တကျ မေ့လျော့မပေးနိုင်တဲ့အခါ မေ့ဖျောက်နည်းကို မင်းကျွမ်းကျင်းအောင်ကျိန်စာအထပ်ထပ်အခါခါရွတ်ပွားပါ။ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့မနက်ဖြန်ဆိုတာတွေ သေဆုံးနေတာ သူမအပြုံးကိုစတွေ့တဲ့နေ့
ငါနဲ့ငါငြင်းခုန်တဲ့နေ့ ဘုရာအဆူဆူနဲ့လွဲအောင် ကိုယ့်အဇ္ဈတ္တကိုအလိုလိုက်မိတဲ့နေ့ပဲပေါ့။
လင်းဆက်ပိုင်(ပျဉ်းမနား)
13.6.2015
စနေ
5:01pm
Comments
Post a Comment