ဝိညာဉ်မဲ့လိပ်ပြာ
_______________
အတိတ်ဆိုတာအတိတ်လိုမပြောဝံ့ အောင်
ကန္တာရဆန်လွန်းတယ်
မနေ့ကကြေကွဲမူနဲ့ရောခဲ့တဲ့နေရက်တွေ
အသက်ပြန်ရှင်လာတယ်
တခုတော့ရှိတယ်
လိပ်ပြာကရနံ့ကိုသာခိုးခိုးနမ်းတာ
ပန်းပွင့်လေးရဲ့ပါးပြင်ကိုသစ္စာမဖောက်ဘူးပေါ့
ဒါပေမဲ့....လေ
ငါဝေးဝေးပျံခဲ့ပေမဲ့နှလုံးသားကကျန်ခဲ့တော့
တောင်ပံခတ်တိုင်းမောတယ်
မြတ်နိုးခြင်းများသက်လုံမဲ့ရသလိုအဖြစ်များ
စိတ်နဲ့ခန္ဓာ တနေရာစီ နေရတဲ့အချိန်
“ဘဝဆိုတာ ပေါင်းထည့်လို့လဲမရ၊ နှုတ်ယူလို့လဲ မရတဲ့အရာဖြစ်တယ်” ဗါဒေါ့စကီး (ရုရှကဗျာဆရာ)
ပျော်ရွှင်ခြင်းဆိုတဲ့ အဟောင်းရောင်လေးကိုပဲ
အတွေးကို အလင်းမြဆုံးခွန်အဖြစ်ပြောင်လဲရင်း
မိုးကုတ်စက်ဝိုင်း အနား သက်တန့်လေးဆီရောက်ဖို့
ယုံကြည်ခြင်းများဟာ အနန္ဒကံတရားခြားစေသလား
အမိုးပြာပြာအောက်ဆိုပေမယ့်ကွယ်
သူမစိတ်တခါးတွေကိုလှမ်းလှမ်းခေါက်ရတာ
နွမ်းဖတ်နေရတဲ့ကိုယ့်စိတ်မီးတောက်အညွှန်လေးပါပဲ
ဒါဟာထူးဆန်းလှတယ်မဆိုင်နိုင်တဲ့
ပုထုဇဉ်တစ်ယောက်ရဲ့ရမ္မက်ခိုးဝေနေခြင်းလို့ ဓမ္မနဲ့ဖြေသိမ်ချင်ပေမယ့်
သူမအနမ်းတွေသာ သက်ဆုံးတိုင်ဆာလောက်နေတော့တယ်။
လင်းဆက်ဝေ......လင်းဝေဖူး
15.6.2015
တနင်္လာ နံနက် 8:15
ံ
Comments
Post a Comment