*****စိတ်ဝေဒနာရှင်****
ဘယ်ကိုရောက်နေလဲ
ကိုယ့်ရဲ့ရှေ့တည့်တည့်မှာ
မင်းအနမ်းတွေဘယ်ကိုရောက်နေလဲ
နှုတ်ခမ်းချင်းလွဲတဲ့ .....စကား
ပူးပြင်းရှတတတွေ။
ဘယ်ရောက်နေလဲ
စိတ်တွေဘယ်ကိုရောက်နေလဲ
ငါ့ရှေ့တည့်တည့် ရှိနေပါလျှက်
တိတ်တခိုးအရပ်ကိုရောက်နေသလား
ဘယ်ရောက်နေလဲ
အတူတူဆိုတာ ထပ်တူညီအနားတွေ
ငါ့ရှေ့မှောက်မှာပဲ ဘယ်ရောက်နေသလဲ။
ဘယ်ရောက်နေလဲ
စိတ်တွေမရှည်တော့ဘူး
အပြုံးလင်းလင်းလေးတွေ
ချိုသာစကားပွင့်လေးတွေ
ကြည်နူးရိပ်လေးတွေ
မသိချင်ပေမယ့်သိချင်တယ်
ဘယ်ကိုရောက်နေလဲ။
အာရုံကျက်စားရာအရပ်တွေ
ခံစားချက်လေပြည်ညင်းတွေ
အတိုင်းအတာမဲ့ ပျော်ရွှင်ဖွယ်တွေ
ငါနဲ့ ငါ့စိတ်နဲ့မကပ်သလိုမျိုး
သူမနဲ့ ငါနဲ့လည်းစိတ်ချင်းမကပ်တော့သလိုမျိုး
ဘယ်ရောက်နေတာလဲ။
လင်းဆက်ဝေ(ပျဉ်းမနား)
15.6.2015
Comments
Post a Comment