သို့...ကမ္ဘာသစ်လေး
_______________________
ကမ္ဘာသစ်တစ်ခုတွေ့တဲ့နေ့
ဒီလိုနေ့လေးကစလို့ ကိုယ့်အထာနဲ့ကိုယ်နေခွင့်မရတော့တာမွေးရာပါအသဲနှလုံးရဲ့စကား
ရိုးသားယဉ်ကျေးစွာစကားများ
ကြက်သီးထစေတဲ့ အသံများနားထဲမှာ
ရင်ဘတ်မှာ စူးရှကျယ်လောင်လို့။
သိမ်မွေ့နုညံ့စွာ
အန္တရာယ်သိပ့်များတဲ့ ငါ့ကမ္ဘာလေး
ခံစားမှုအစွန်ရောက်အောင်ရူးနှမ်းပြစ်လိုက်တယ်
ချစ်ခြင်းမေတ္တာဆိုတာလူတိုင်းခံစားတက်တဲ့အရာမှမဟုတ်ပဲ
အတ္တတွေကိုအဖြူသမ်းချင်ယောင်ဆောင်ထားသူတွေကြားမှာ
ကိုယ်က တမူးသာနေတာပါကိုယ့်ရဲ့ကမ္ဘာရာ။
ဘယ်တစ်စုံတစ်ယောက်ရဲ့အကူအညီမှမပါပဲ
ကိုယ်ရမ္မက်သေဆုံးပြစ်လိုက်တယ်
တခါတလေ နေပူပြီးမိုးရွာတာကလွဲရင်
အခုဆိုချစ်ခြင်းမေတ္တာဟာငြိမ်းချမ်းလို့
ကိုယ်ထင်ပါတယ် ကိုယ့်ကမ္ဘာလေးလည်း
အရင်လိုကျန်းမာရေးမချူချာလောက်တော့ဘူးလို့။
စိတ်နဲ့ပဲကိုယ့်ကမ္ဘာလေးကိုပေါင်းသင်းနေထိုင်လိုက်တယ်
ပိုင်ဆိုင်းခြင်းရဲအပြင်ဘက်က အလှတရားတွေခံစားရင်းပေါ့
ဒါဟာ အလှဆုံးပွင့်ဖူးနေတဲ့ ပန်းကလေးကို
တနေ့ကြွေမယ်ဆိုတာသိရဲ့နဲ့ မခူးခြွေရက်သလိုမျိုး
ကိုယ့်ကမ္ဘာလေးရဲ့ရနံ့ကိုသာတစိမ့်စိမ့်ကြည်နူးနေမိတော့တာပဲ။
ချစ်တယ်ဆိုတဲ့စကားကြားမှာ
ကိုယ့်အတွက်စစ်ပွဲတွေမရှိဘူး
ပြင်းပြတဲ့အနမ်းတွေမရှိဘူး
တစ်ယောက်စိတ်ကိုတစ်ယောက်နာကျင်စေမယ်ခုတ်ထစ်မှုတွေမရှိဘူး
ဆုံဆည်းခွင့်ဆိုတဲ့ မျှော်လင့်ခြင်းလေးမှာပဲ
မျက်ဝန်းခြင်းဆက်သွယ်ချက်တွေအဓိပ္ပါယ်မရှာချင်တော့သလိုမျိုး
ဖြူစင်တဲ့အလွမ်းမှာကိုယ့်ကမ္ဘာလေးကို
သံသရာတစ်ခုစာကျေနပ်ပျော်ရွှင်နေလိုက်တယ်။
လင်းဆက်ဝေ(ပျဉ်းမနား)
18.6.2015
Comments
Post a Comment