သတိရမှ သူမရဲ့
ဓာတ်ပုံလေးထုတ်ကြည့်
သူမပုံတူပန်းပုဖုန်တက်လေးကို ဖုန်သုတ်ပြီး
မြတ်နိုးပြတာဟာ ........။
ကိုယ်ယူဆချက်ကတော့
နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ဟာ
လေးမြတ်တဲ့ ကိန်းဝပ်မှု့ရှိနေပြီဆိုရင်
ဓာတ်ပုံတွေ ပန်းပုတွေ မလိုအပ်တော့ဘူး
နှလုံးသားရဲ့ ပုံဖမ်းကားချပ်မှာ ရှိနေတဲ့အတွက်....။
ခင်ဗျားရဲ့ မသိစိတ်ထဲမှာ ပြဌာန်းခံနေရတဲ့သိမှု့ ဟာ ဘယ်နေရာကလာသလဲ။
စာအုပ်ထဲကစကားလုံးတွေ ကိုးကားတက်ရုံနဲ့တော့ ခင်ဗျားရဲ သိမှု့မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါတယ် ။
ကိုယ်တိုင် ကျင့်ကြံပြီးတွေ့ကြုံခံစားရတာလေးတွေ မှတ်စုရေးကြည့်လိုက်ပါဦး။
ချစ်ခြင်းများဖြင့်
ကိုယ့်ရဲ့ တမလွန်က ချစ်သူသို့...
လင်းဆက်ပိုင်
23.4.2015
Comments
Post a Comment