အိပ်ခန်းထဲကည
______________
မှောက်မှားလွန်း သန်းခေါင်ယံတိုင်း
အခုတစ်ဘဝလုံး လန့်လန့်နိုးတယ်
ဘယ်သူလာလှုပ်နှိုးတာလဲ
အခန်းထဲကမီးချောင်းဟာ ကျွမ်းနေတယ်။
အိပ်မပျော်တော့ဘူး
ဘယ်လိုမှကို အိပ်လို့မပျော်တော့ဘူး
ငါနဲ့ရင်းနှီးတယ်ထင်တဲ့ တစ်စုံတရာလာနှောက်ယှက်သလို
ခံစားနေရ။
အထီးကျန်မှုတွေ ပစ်ထည့်ခဲ့တာဘယ်သူလဲ
အလင်းရောင်သာရမယ်ဆို မီးတောက်ကိုငါကိုင်မယ်
ငါ့ဆန္ဒတွေ ငါ့ကမ္ဘာထဲမှာ ပိတ်လောင်
မိုးဘယ်တော့လင်းမှာလဲ
ငါ့အသံပါတိတ်ဆိတ်လို့....။
ရိပ်ခနဲဝင်လာသံ အာရုံကသိနေသလိုမျိုး
တစ္ဆေတွန်သံတွေ နားထဲမှာမြင်နေတယ်
တစ္ဆေဟာ ရုပ်ရှင်တွေထဲကလို ချစ်စရာမကောင်းဘူး
တစ္ဆေရဲ့အသံဟာ ငါ့အသက်ရှူမှုကိုကြက်သီးထစေတယ်။
ငါ့ခံစားမှုတွေ ငါပြန်ချောင်းကြည့်ဖို့
ငါ့ညတွေဟာအလုံပိတ်လို့
သက်ပြင်းတွေကို ဘုရားစာနဲ့ရောရွတ်ကြည့်တယ်
အာရုံနဲ့ငြိနေတဲ့ခပ်လှမ်းလှမ်းက
အနီးရောင်ကောင်းကင်ဟာ
ရောင်နီဦးလေးလား။
လင်းဆက်ပိုင်(ပျဉ်းမနား)
9.6.2015
Comments
Post a Comment