သောက်ကမြင်းကြောထဖို့သောက်ဆင့်မရှိတဲ့ ယဉ်ကျေးမှုတွေ
________________________________________
သူတောင်းစားတွေဟာ နီယိုဘုရင်ကြီးပဲ
ငါတို့မီးတွေတောက်နေတာတောင်မှ
သူတောင်းစားတွေက သောက်ရမ်းအေးဆေးပဲ
သောက်ပိုကြီးတွေတိုင်းပြည်ကိုချစ်တယ်ပြောဖို့
ရပ်ရွာအေးချမ်းတည်ငြိမ်းရေးဆိုတဲ့သောက်ထွင်လုံးတွေနဲ့
ကစဥ့်ကလျား တွဲလုံးတွေနဲ့
အာဏာချင်ချိတ်ကြဖို့ပဲ ပါဝါတက်ဖို့ပဲ
ဒါဟာ ဘာသောက်ရေးကြီးသလဲဆို
သောက်ရေးမပါတဲ့တွေ့ဆုံဆွေးနွေးမှုလည်းမမျှော်လင့်တော့ဘူး
ဘာမှမလိုအပ်တော့ဘူးဆိုတဲ့ အတွေးကိုက
တစ်ခုခုလိုအပ်နေသလိုမျိုး
ဒီလို ငါတို့ရှင်သန်ခြင်းဟာခွေးလေခွေးလွှင့်တစ်ကောင်လို....
သောက်ရမ်းချစ်စရာကောင်းတယ်
လူ့အခွင့်အလမ်းနဲ့စာနာခြင်းရင်ခွင်နဲ့ လွတ်လွတ်ကျွတ်ကျွတ်ကြီး
ကြိုသိထားတဲ့ နိစ္စဓူဝငရဲမှာ ငါတို့ငေးရီးရင်း
စိတ်လွတ် ကိုယ်လွတ် ရူးခဲ့ပုံ
ငရဲကြီးရှစ်ထပ်မှာ နေထိုင်ရင်းနဲ့
သောက်ရမ်းသောကတွေဂေါ်တယ်
နေ့ထူးနေ့မြတ်ဆိုတာ
မျှော်လင့်ချက်သေဆုံးသွားတဲ့ နေ့လေးပေါ့
ုငါတို့ ငြိမ်းချမ်းရေနဲ့လွှင့်ခဲ့တယ် သောက်ရမ်းဝေးရာအရပ်ကို။
လင်းဆက်ပိုင်(ပျဉ်းမနား)
9.6.2015
မှတ်ချင်
သူတောင်းစား=အာဏာရှင်
Comments
Post a Comment