စိတ်​ကိုဖွင့်​တိုင်းထွက်​ကျလာတဲ့အဓိပ္ပါယ်​​တွေ

စိတ်ကိုဖွင့်တိုင်းထွက်ကျလာတဲ့အဓိပ္ပါယ်တွေ
_______________________________________

ဒင်းကြမ်းပြည့်နေတဲ့ ။သူမဝေဒနာတွေအတွက် ။
ကိုယ်ဟာ ဘိုင်အိုဂျက်ဆစ်လို ။ကိုက်ခဲမှုတွေ။
သူမဝေဒနာတွေ ။သက်သာစေချင်သူပါ။
လောကရဲ့သုခတွေ ။သူမကိုစံစားစေချင်ပြီး။
ကိုယ်စားဝေဒနာတွေ ။လွှဲပြောင်းယူခွင့်မရှိတဲ့အခါ။
သူမရဲ့ ဒဏ်ရာအနာတရတွေထက်။ကိုယ့်မှာ ပိုပြင်ထန်စွာ ။နာကျင်ရပါတယ်။
သူမအတွက်ဆို ။ရုပ်ခန္ဓာရဲ့ ဖြစ်၊ပျက်ဆိုတဲ့။
သံဝေဂတွေ ။ကိုယ်နှလုံမသွင်းနိုင်ဘူး။
ယနေ့မိုးသောက်ကနေ ။နောက်မိုးသောက်တွေမဆုံးမချင်း။
သူမ အသက်ရှူမှုတွေ။မီးမသင့်စေချင်ဘူး။
ပျော်ရွှင်ခြင်းတွေမှာ ဆင်ခြေမလိုပဲစီးဆင်းစေချင်သူပါ။
သူမရဲ့ ရေပန်းစားတဲ့စကား ။ပိတ်မိနေတယ်ရှင်ရယ်။ဆိုတဲ့အသံတိုင်းဟာ။
အန္တရာယ်တွေလို့ ခံစားမိတိုင်း။ သူမရဲ့အနားအပြေးသွားပြီး။
အတားအဆီးတွေကို ။စက်သေနတ်နဲ့ တရပ်စပ်ဆွဲ။ပြစ်ချလိုက်ချင်တယ်။
သူမလွတ်လပ်ဖို့ ။ကိုယ်ဟာ အသေခဲဗုံး။ခွဲနိုင်တယ်ဆိုတာ။
သူမကို ကိုယ်က။ချစ်တယ်လို့။ပြောလိုက်တာပါပဲလေ။

လင်းဆက်ဝေ( ပျဉ်းမနား)
18.6.2015


Comments