ဆက်​သွယ်​မှုကရိယာအမြင်​များ


ဆက်သွယ်မှုကရိယာ အမြင်များ
______________________________

ရူးသွပ်မှု့ သတ်မှတ်ထားတဲ့
သင်္ကေတ ပညတ်တစ်ခု ပါ။ လား။
ဒီဆက်သွယ်ချက်နဲ့ ဒြပ်မဲ့နေ့များ အလွန်။မွေ့လျော်ခဲ့သောကြည်လင်မှု့များ။ဖမ်းဆုပ်လိုက်တဲ့ လက်ထဲမှာ အောက်ဆီဂျင် နည်းပါလွန်း၏။ကျော်ဖြတ်ရန်မလွယ်ကူသော။ပင်လယ်ထဲ မှာ စက္ကူ လှေနဲ့ နေ့ရက်များ။အသံတွေဟာနစ်မြုပ်သွားပြီ။အရှိတရား ဇီးရိုး မှ ဆက်သွယ်တန်ဖိုးမြင့်ဖို့ ။အကြင်နာကိန်းတန်းများလိုအပ်။အလှတရားရဲ့ အလွန်မှာရှိသော ယဉ်ကျေးမှု့တစ်ခုတစ်လေ။ပြင်းထန်သောလှိုင်လုံးအတွင်းမှာရှိသောအရာ။
သိုဝှက်လွန်းတဲ့ စက္ကန့်အရွေ့များ။ချည်နှောင်မိတဲ့ အတ္တများ။အသိဉာဏ်အပြင်ဘက် ခုန်ထွက်ပြီး။လမ်းများဟာလူကိုမထန်းပိုးတဲ့အဖြစ်။လမ်းတွေကို ထမ်းပိုး ဝင်္ကပါတည်ဆောက်ရင်း။မျက်စိမှောက်နေ့များ။
ဘာသာမဲ့တစ်ဦးရဲ့ ကိုးကွယ်မှု့သန့်စင်ခြင်း​​​တစ်ခုအပေါ်အမြင်ကွဲပြားခြင်းမှာရပ်တန့်ခဲ့ပြီ။နောက်။ပြီးပါပြီဟာ အစဖြစ် မဖြစ် ။အမြင်ကွဲပြာသောလောကရဲ့ *အများညီ၍ ဤကိုကျွဲဖတ်ပုံ*။

လင်းဆက်ပိုင်
7.4.2015


Comments