တောင်းဆုများ

တောင်းဆုများ
________________
သတိရတဲ့အချိန်​တိုင်း
လွမ်းဆွတ်​တမ်းတမိတဲ့အချိန်​တိုင်း
ငါဆု​တောင်းခဲ့ပါတယ်
"သူမ"​ပျော်​ရွှင်​​သော​နေ့မြတ်​​တွေပိုင်​ပါ​စေလို့.......။
တစ်​​နေ့ထက်​တ​နေ့
မနီးနိုင်​​တော့တာသိလာရတဲ့အခါ
ငါ ဆု​တောင်းခဲ့ပါတယ်
သူမဘဝ ​အေးချမ်းတည်​ငြိမ်​ခြင်း​တွေမြဲပါ​စေလို့......။
ချစ်​သူဆိုတာ ငါနားမလည်​ခဲ့တဲ့
ဘာသာခြားစကား​တွေလို့
သိလာရတဲ့အချိန်​မှာ
ငါ ဆု​တောင်းခဲ့ပါတယ်
သူမ အရာရာကို ဥ​ပေက္ခာနဲ့ 
အောင်​မြင်​ခြင်းဆီအ​ရောက်​လှမ်းနိုင်​ပါ​စေလို့......။
အခု
ငါဘာဆု​တောင်းသလဲဆို
ဝေဒနာ​တွေ စုပြီး ​သေခြင်းတရား​ပေးသနားပါလို့......။
လင်းဆက်​ပိုင်​(ပျဉ်းမနား)
7.6.2015


Comments