ပန်းပွင့်တွေကို မီးသင့်စေတဲ့ ယာဉ်ကြော
__________________________________
ကြောက်ရွံ့ခြင်းဒဏ်ချက်တွေပျောက်ကင်းဖို့
လိုအပ်တဲ့ အနောက်
ကမ္ဘာဟာ အရှေ့ကို စီးဝင်လာ
ဒီအမာရွတ်ကို ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နေပြီ
ဘယ်လိုဝါဒတွေ ဖြတ်ဖောက်ချုပ်ရမလဲ
သန့်စင်ခန်းဆိုတာ ညစ်အကြေးတွေစုနေတဲ့အခန်းပဲ
ဇီဝတွေ ခွဲခြားစွာယှဉ်ဘောင်းတန်းလျက်
ကိုယ်စားပြုမှုတွေအဓိပ္ပါယ်ဖွင့်ဖို့
ခြားနားတဲ့ညီမျှခြင်းအရွေ့များ ယှဉ်တွဲနေထိုင်ဖို့
လိုင်းလုံးတွေအော်နေပြီ
လူမိန်းမသတ္တဝါ လူယောင်္ကျားသတ္တဝါ
ဇီဝမျိုးကွဲမှာ အထက်တန်းမှာ အခန့်သားဝင်ထိုင်ဖို့
မီဒီယာ ရုပ်သံ ကဗျာစာပေ လမ်းဘေးဆိုင်ဘုတ်တွေလို
ထင်သာမြင်မရှိသေးတဲ့ တွေးခေါ်မှု့တွေ
အင်အားကြီးမားသူတို့ရဲ့ အိုင်ဒီယိုအလက်ဂျစ်များ
အုန်းလွဲနေဆဲ ဆိုတာ ဘယ်လိုသမိုင်းကြောင်းမျိုးလဲ
ဘေးဘီကို လှည့်ကြည့်ဖို့ လက်ခဲနေပုံမျိုး လား
ခံစားပုံအာရုံအသိဉာဏ် ကျောက်(...)ချထားခြင်းပဲ
သမိုင်းဆိုတာ သေဆုံးပေးရတဲ့ အမှတ်ရမှုမျိုကိုး
သေချာတာတစ်ခုက မိန်းမတစ်ယောက်ရဲ့မျိုးပွားအင်္ဂါကနေ
အရှင်သခင်တွေ မွေးဖွားသန့်စင်ပေးနိုင်တယ်
ဆိုတာ
မြင့်မြတ်ခြင်းအဆို တင်သွင်းထားတဲ့ကုန်သွယ်မှုအဟောင်းတွေ
လိင်ကွဲပြားမှုနဲ့မဆက်သွယ်ထားတဲ့ အမှန်တရားတစ်ခု
ယဉ်ကျေးမှု ဆိုတာ အိပ်ရေးမဝသေးတဲ့ ခေတ်တစ်ခု။
လင်းဆက်ပိုင်(ပျဉ်းမနား)
23.5.2015
Comments
Post a Comment