ကြေးမုံထဲ

ကြေးမုံထဲက ​ခြောက်​လန့်​တဲ့သရဲဟာအနုပညာ​မြောက်​လွန်း
အပြ တစ်​ခုပြီးတစ်​ခု...
အိပ်မက်တောင်မက်ဖို့မကောင်းတဲ့ အတိတ်ဆီသို့
မှ .....လာရောက်နေထိုင်တဲ့ လှိုင်းတွေ
အရမ်းပြင်ထန်းလွန်းတဲ့ စကားလုံးတွေ
ဆက်ပြီးနားထောက်ရင်
ငါ နင့်နင့်ကြေကြေ ကြွေကွဲရလိမ့်မယ်

စကြာဝဠာအပြင်​ဘက်​​ရောက်​​အောင်​ပြုံးထားလိုက်​ပြီ
နွမ်းနယ်​မှု​တွေ အားပြန်​ဖြည့်​ရ​တော့မယ်
နိစ္စဓူဝ ​ပျော်​​ပျော်​ရွှင်​ရွှင်​ စိတ်​ပျက်​လက်​ပျက်​ပဲ ။

(ကိုယ့်​လူတို့​ရေ)×(နားစည်​ကိုဝင်​ကလိ​နေသံ)
အိမ်မက်​​တွေ​​ လန်းဆန်းဖို​​ဆိုတာ ကံစမ်းမဲနှိုက်​သလိုပဲ
တစ်​ဘဝလုံး​ပျော်​ရွှင်​ဖို့ ဘီလူးဆိုင်းနဲ့*က*ရသလို
ခေတ်​ ပါတ်​ဝန်းကျင်​ကိုပုံတူ​ရေးဖို့
စကားလုံးသ​င်္ကေတအပြ​တွေနဲ့
နည်းစနစ်​တကျပစ်​သွင်းလိုက်​တဲ့ အသံ ပဲ ။

ပန်းခြံ​တွေ ရုပ်​ရှင်​​တွေဟာ ဘာသံ​တွေထွက်​​နေပြီလဲ
ဘုရားသွားရင်​ကုသိုလ်​ရမယ်​ဆိုတဲ့ အခိုက်​ဓာတ်​​တွေလည်း
ရူးနှမ်းမှု ကိုယ့်​ကိုကိုယ်​အာရုံလှည့်​စာမှုပဲ ဖြစ်​မယ်
ရင်​မှုတ်​ငြိမ်းအာသီသဟာ အလင်း​ဖျော့ကြိမ်​နှုန်း​တွေပဲ။

ဒီစာအုပ်ထဲက ရှင်းလင်းချက် နိမိတ်ပုံ အကြောင်းအရာတွေကိုက ငါနဲ့ သူစိမ်းဆန်တဲ့ သင်္ကေတတွေ
မျက်နှာများတဲ့ မာတိကာ
အမှတ်စဉ်များ အက္ခရာစဉ်တွေရော ငါနဲ့ရင်းနှီးတဲ့သူစိမ်းလိုပေါ့
ဒါ မြင့်မားတဲ့ အနုပညာလား
လက်ခံဖို့ ဘုရားစူး ရူးသွပ်ပုံများလား
ည​နေဆည်းဆာ ၊အိမ်​ပြန်​ချိန်​ ၊ နတ္ထိ ၊
သံသရာ၊ သံသယ၊.အ​တွေ့ ၊တ​ကွေ့ပြီးတ​ကွေ့ ၊ချစ်​ခြင်း​မေတ္တာ၊လိင်​ဆန္ဒ၊Gay၊ ကွန်​ပျူတာ ၊Enter ၊Exit၊
ဖိနပ်​အသစ်​တရံ၊ငါးမျှားကြိုး၊ငါးမျှားချိတ်​၊ယုံကြည်​ခြင်း ၊မုသားဝါဒ၊ယဉ်​​ကျေးမှု.........။

အာဏာရှင်ဆိုတာ အကြောက်တရားဝင်နေတဲ့ ဖုတ်ကောင်တွေပဲ
လုံး​ချေလွှတ်​ပစ်​လိုက်​​ထားတဲ့
စက္ကူ​လေးအ​ပေါ်  ဘယ်​သူကများ
ကြင်​နာခြင်းအ​ကြောင်းအရာ​တွေ
လာ​ရေးကြမှာလဲ
ဒီလို  အက္ခရာ​ ငါ့အတွက်​ ဆွံ့အ​နေတာ​ပေါ့။

ဘာမှမဟုတ်တာကို ဟုတ်နေတော့တာ
သိမှုတွေဟာ အန္တရာယ်ရှိလာပြီ
ပိုမတောင်း​လိုက်ရဘူး
ညီမျှတဲ့ လွတ်လပ်ခြင်း​​​​​​ဆိုတဲ့ရသာကို
အဆစ်​​တောင်းသလို အကျင့်ပါ​နေတာပါကိုက အခွင့်ထူးခံ​​သောကျင့်ကိုး။


ဘယ်မှာလဲကွာ.......ဘယ်​မှာလား
အဲ့ဒါမျိုးကြီးကို မုန်းလိုက်တာ
ငြိမ်းချမ်းေ​​ရးဆို​တေး စာသားသက်သက်ကြီးကိုသတိရနေတဲ့
ကိုယ့်ရဲ့ တခုတ်တရစိတ်​...များ ......များသထက်​များ
ရိုးရိုး အက္ခရာ​တွေနဲ့
စကားလုံ တည်ဆောက်​ထားတဲ့
အဓိပ္ပါယ် မဲ့ ပုံသဏ္ဍာန်မဲ့တွေပါလား။

ပျော်ရွှင်ခြင်းတဲ့လားလောက
ငြိမ်းချမ်းမှု့​​မပါဝင်တာ​လောကရဲ့ လုပ်ကြံပြောနေခြင်းတစ်မျိုးပဲ​နေ​​မှာပါ
စိတ်​​တွေ ပြာ ရှ ။

ကြောက်စရာကောင်းတယ်ဆိုတာ
မေးရိုးပြုတ်ထွက်အောင်
အကြောက်တရားနဲ့ နပမ်းလုံးခြင်းတဲ့လား ​။

ငြိမ်းချမ်း​ရေးဆိုတာ
လောကရဲ့သွားတက်​​လေးမှာ ငြိ​နေတာ
လာကရဲ့ပေါးချိုင့်​​လေးထဲကျွံကျ
ငြိမ်းချမ်း​ရေး​​​ဟာ ​လောကရဲ့ အာဏာရှင်ဆိုတာ အကြောက်တရားဝင်နေတဲ့ ဖုတ်ကောင်တွေပဲ။

အသက်ရှူသံ မှာ ပါဝင်ခွင့်
ဘယ်တော့မှမရတဲ့ကောင်ပါ ။

အလွမ်းဆိုတာ နှင်ထုတ်ရခက်တဲ့ အရာပဲ
ခပ်တည်တည်လွမ်းရတဲ့အခါ
မေးကြောကြီးတွေ ပိုတင်းရတယ်​ ။

အာဏာရှင်ဆိုတာ အကြောက်တရားဝင်နေတဲ့ ဖုတ်ကောင်တွေပဲ။

လင်းဆက်ပိုင်
24.5.2015



Posted via Blogaway


Comments