မိသားစု

မိသားစုအတွက်​​ဒေါက်​တိုင်​ ​ရေပန်း​လေ
_________________________________

မျော်​လင့်​ဖူးတဲ့ ​ပေါ်​တော်​မူလာမယ့်​​နေ့
ဘဝရဲအလင်း ယုံကြည့်​ခဲ့​သော အိမ်
တ​နေရာစီမှာ ကိုယ်​စီ ဒဏ်​ရာအနာတရ​တွေနဲ့
        ဒါ.....မိသားစု ဘဝ
ဘယ်​ဘဝရဲ့ အကုသိုလ်​မျိုးလဲ
အဖွင့်​​နေ့စွဲ​တွေ တအိအိပြိုဆင်း​နေတဲ့
ငရဲတွင်းထဲ
ပျော်​ရွှင်​နည်းဟာ ဘယ်​လိုအဓိပ္ပါယ်​မျိုးလဲ
ခံနိုင်​​ရေ​တွေ အသားမာတက်​လာခဲပြီး
လူလိုသူလို လူတကာလို ငါ့အတွက်
ဘယ်​မှာလဲ ဆိုက်​​ရောက်​ချိန်
             ဘယ်​လိုလဲ
အိမ်​နဲ့​စေရာမှာ ငါပျံသန်းတဲ့​ကောင်းကင်​ဟာ
သားသတ်​သမား​တွေ ဓားလှံတဝင်းဝင်းဖြင့်
ငါ့မာန​တွေ ခုတ်​ထစ်​ခံရ.......
*​ပျော်​စရာ* ၊* မိသားစု* ၊  * အပြန်​အကြဲ*
အားတင်း​လျှောက်​ရင်း.....
မှိန်​​ဖျော့ သက္ကရာဇ်​တစ်​ခုစာ
ငါဟာ လွဲ​ချော်​ရတဲ့ ​ဝေဒနာကိုက​ပျော်​ရွှင်​ဖွယ်​လို
ဘာ​တွေဆက်​ဖြစ်​ဖြစ်​ ငါ့​ခြေ​ထောက်​ဟာ
သန်​မာခဲ့ပါပြီ
မိသားစုးရဲ့​ဒေါက်​တိုင်​တစ်​ခုအဖြစ်​နဲ့၊။

လင်းဆပ်​ပိုင်
16.5.2015


Comments