ရိုးရိုးသားသားပုံမှန်အတွေး
----------------------------
နံနက်မိုးလင်းလို့ ငါ့နှုက်ဆက်လိုက်ချိန်
သူမပြန်ပြီး နှုတ်ဆက်သံမကြားရတဲ့အခါ
ဒီတခါလည်း ဝေးကြပြန်ပြီးလား
အတွေးနဲ့င့ါမှာကြောက်လန့်တကြား
နေခြည်ရဲ့အစပျိုးမှုနဲ့ ငါ့နိုးထမှု့ရဲ့အစ
မှတ်ဥာဏ်ထဲမှာစွဲနေတဲ့
သူမပြောဘူးတဲ့စကားနဲ့ ပြန်အားတင်းတယ်
သေဆုံးချိန်ထိ အတူရှိနေမယ် ဆိုစကား
ခဏခဏ ဝေးသွားလိုက် မှုန်ရီသွားလိုက်နဲ့ကြုံ ကြုံရတော့
တကယ်ဝေးသွားခဲ့ရင်ဆိုတဲ့ ဆိုက်ကိုဝင်တယ်
ဟာတယ် ရင်းခွင်ဟောက်ပက်ကြီးနဲ့
သေကြောင်းကြံစည်ချင်တဲ့ စိတ်ကို နေ့တနေ့ကိုအကြိမ်ကြိမ်ထိန်းချုပ်ဖြတ်ကျော်နေရတယ်
နာအောင် အိုအောင်ဝေးနေရမှာ သေရမှာထက်ကြောက်တယ်
ငါ့နာကျင်မှုတွေ တိုးတိုးလေး လှုပ်ခါယမ်းနေရတာဘယ်သူမှမသိနိုင်
စီကရက်ကို တအားခြိုက်ရင်း ငါငေးရီတယ်
မြောက်ဝန်ရိုးစွန်းရောက်သည်အထိ အေးခဲဖို့ပါပဲ
ဝေဒနာတွေ အေးကျင်ထုံထိုင်းစေဖို့ပဲ မသိစိတ်ကလှုံ့ဆော်နေပုံလား
သူမနှုတ်ခမ်းပေါ်က မှဲ့နက်လေးဟာ ငါ့ဘဝပဲဖြစ်တယ်
ငါ့ကြေကွဲလွမ်းဆွတ်မှု့က သူမအနားကဖြတ်ပြေးသွားတဲ့ လေပြည်ပဲဖြစ်မယ်လား
ငါ့ချစ်ခြင်းတရားဆိုတာ သူမရဲ့ ခြေသုတ်ခုံပဲဖြစ်မယ်လား
သူမရဲ့ အသက်ရှူမှုထဲအောက်ဆီဂျင်လား
သူမရဲ့ တရှိုက်မက်မက်ကော်ဖီခွက်လိုလား
သေချာတာတစ်ခုကတော့ ချစ်သူဆိုတဲ့ခေါင်းစည်းအောက် တနေရာစီဝေးနေရခြင်းကို သေဒဏ်ကျခံ လူလို ကိုယ့်မှာခံစားနေရတယ်။
လင်းဆက်ဝေ(ပျဉ်းမနား)
16.7.2015
Comments
Post a Comment