အုံ့မှိုင်းနေတဲ့မိုးဥတုနံနက်ခင်းနဲ့အတူအလွမ်းတို့တစိမ့်စိမ့် လ္ဖက်ရည်တစ်ခွက်နဲ့ အရသာခံတယ်။
စိတ်တို့ ရွေ့လျားလို့ အဝေးတနေရာဆီက သူမအနား ။
လေပြည်လေညင်းတို့နဲ့ တိုးတီးစကားတို့ သူမပြူတင်းရဲ့ခန်းစည်းစကိုတိုးဝေ့ရင်းအတင်းရောက်ရောက်ခဲ့တယ်။
သူမဟာနှစ်ခြိုက်စွာအိမ်မောကျနေပေါ့။
စိတ်ခံစားမှုနဲ့ သူမရဲ့ ဆံစ၊နဖူး ၊ပါးပြင်၊လည်တိုင် နမ်းခြိုက်လိုက်တယ် ဆိုရင် လန့်နှိုးသွားမလား။ကိုယ်တွေတွေကြီးရပ်ငေးနေမိတယ်။အေးချမ်းလှတဲ့ ပန်းချီတစ်ချပ်လို သူမရဲ့ အိပ်ပျော်နေပုံလေးသာ ပီတိဖြာရင်း ကိုယ်လှည့်ပြန်ခဲ့ပါတယ်။အေးစက်နေပြီဖြစ်တဲ့ လ္ဖက်ရည်ကို တရှိန်ထိုးမော့သောက်ရင်း စီးကရက်မှာခံစားချက်တွေမီးညှိ ဘာမှမဖြစ်သလို အတွေးကိုမီးခိုးတွေထဲ ထိုးသိပ်လိုက်တော့တယ်။နံနက်ခင်းဟာ ရောင်စုံပန်းတို့လန်းဆန်တက်ကြွစွာ ပျော်မြူနေကြတယ်။
Comments
Post a Comment