ဆာရာကေး

Zaw Zaw Htun
3 hrs ·
ရုပ်ရှင်များ

ထွက်ပေါက်အချက်ပြ သင်္ကေတတွေကို သူမ ရေတွက်နေတယ်လို့ ရှင်ပြောနိုင်တယ်
သူမထွက်သွားတယ်လို့ ရှင်ပြောနိုင်တယ်
တံခါးဘေးက သူမဖိနပ်တွေကို ကြိုးချည်ပြီးပြီ
ထွက်ခွာခြင်းဆိုတာ သင်ယူလွယ်တဲ့ အနုပညာ၊ ဒါပေမယ့် ဒီ
ကြိုလှမ်းထားတဲ့ ခြေလှမ်းတွေ - ဘဲလေးခြေတစ်ချောင်းထောက် လှည့်ပတ်ကခြင်း အနေအထားများနဲ့ ခြေမြှောက်အနေအထားများတွေဟာ ထိန်းရသိမ်းရခက်တဲ့အရာ
ဒါဟာ အပိုင်းအစများထဲ ကျွန်မကွယ်ပျောက်သွားပုံပါကွယ့်
ဒါဟာ ကျွန်မရဲ့ ထိုင်ခုံက မရွေ့လျားတဲ့အချိန် ကျွန်မ ထားရစ်သွားပုံပါကွယ့်
ဒါဟာ အဝေးမှာ ကျွန်မ ကခုန်နေတဲ့ ပုံပါကွယ့်
ဒါဟာ ရှင်မနိုးလာခင်လေး ကျွန်မလစ်သွားပုံလေ။

The Movies
By Sarah Kay

ခုတော့

ကျွန်မမှာ လက်နှစ်ဖက်ပဲရှိတယ်၊
ဒီပါးစပ်၊ ကမ်းရိုးတန်းလို ကျယ်ပြန့်တဲ့ ဒီအရည်အသား၊
ကျွန်မ နားနှစ်ဖက်ကြားက ဒီပျားအုံ ဒီပျားအော်သံ၊ ဒီပျားအော်သံပေါ့။
ရှင်ဟာ ကျွန်မဘယ်တုန်းကမှ အကွက်မချခဲ့တဲ့ အကောင်းဆုံးအရာတစ်ခုပေါ့။
ဒါဟာ ဘာမှ လွတ်ကျခြင်းမရှိဘဲ ကျွန်မလက်တွေ ဆန့်တန်းနိုင်တဲ့ အများဆုံးအနံအလျား။ အကယ်၍များ
လွတ်ကျသွားရင်လည်း ပထမဆုံးအကြိမ် ကျွန်မဂရုမစိုက်ခြင်းပဲ။ ဒါဟာ ကြိုက်တယ်လို့ ခံစားတဲ့ လွတ်ကျသွား
တဲ့အရာတွေ။ ဒါဟာ မနက်ခင်းမှာ ပန်းတွေနိုးထမှုနဲ့ လူသားရနံ့ကို ရှူရှိုက်ဖို့ ဆုံးဖြတ်တဲ့အချိန် ဖြစ်သွားတဲ့ အဖြစ်အပျက်။
အဲဒါက ကျွန်မတို့ကို စိတ်ရှုပ်စေပြီး၊ ပြုလုပ်စေပြီး
ထက်မြနေတဲ့ နေရာတွေထဲရောက်အောင် နောက်ကြောင်းပြန်ရောက်စေတယ်၊
ကျွန်မတို့ လွတ်ကျသွားတဲ့အရာတွေဆီ တဝဲလည်လည် ခံစားတယ်။ ကျွန်မ
ရှာဖွေခဲ့တဲ့ အရာကို မေ့ပစ်ပြီးခဲ့။ အဲဒါတွေက
အရေးတကြီးထင်သာမြင်သာ မရှိ။ ရှင် ကျွန်မကို ပန်းတွေဝယ်ပေးခဲ့တယ်။
အိပ်ယာကို ရှင်ပြင်တယ်။ ဒါဟာ ကျွန်မလက်တွေကို
အဆုံးစွန်ထိ ဆန့်တန်းနိုင်တဲ့ အနံအလျား။ ဒါဟာ အခုအချိန် ကျွန်မပိုင်တဲ့ အရာအားလုံးပါ။

(ဆာရာကေး)

အငွေ့ပျံမှု (Evaporate)

ဒီနေ့တော့ နေ့က သိပ်ရှည်တာပဲ၊ ကျွန်မနေဝင်မှ ရောက်ခဲ့တယ်
ဒီနေ့မနက်ဟာ ဒီနေ့မနက်ဖြစ်ခဲ့တယ်ဆိုတာလည်း ကျွန်မမေ့နေခဲ့တယ်

အဲဒီဟာ ကြည့်ရတာ သိပ်ဝေးလွန်းတယ်။ မနေ့ကလို၊ ဒါမှမဟုတ် တစ်နေ့ကလို
နောက်နေ့တွေ နောက်နေ့တွေ နောက်နေ့တွေ ဖြေလျှော့ခဲ့ နာရီတွေထဲ ကြားနေရာဖြစ်တဲ့

ကျွန်မက ကနဦးအိပ်ယာက နိုးထတဲ့အခါနဲ့ အခုထိုင်နေတဲ့အချိန်မှာ။ ကျွန်မငယ်ငယ်ကထက်
အများကြီးပိုပြီး မိနစ်တွေ သွားနေတာ ကျွန်မသတိထားမိတယ်။

ဒီနေ့တော့ မှန်ထဲကျွန်မမျက်နှာကို ကျွန်မကြည့်ခဲ့မိတယ်။
ကျွန်မ ဆံပင်ကို ကျွန်မကျစ်လိုက်တယ်။ ဂါဝန်ရှည်တစ်ထည် ဝတ်လိုက်တယ်

ဒီနေ့ကလေးတစ်ယောက် ကြီးထွားလာတဲ့ ကျွန်မလက်ကို ထိတ်လန့်လေ့ရှိတယ်
နောက် သူမဟာ ဆဌမတန်းထဲ ရှိခဲ့တယ်လို့ ကျွန်မကို ပြောခဲ့တယ်

အဲဒါက သူမဟာ ချူခြာတဲ့ မီးခိုးဖြူမိန်းကလေးမဟုတ်ခဲ့ဘူးလို့ သူမပြောသလို
အဲဒါက သူမဟာ ကျွန်မဖြစ်ခဲ့ပါတယ်လို့ ကျွန်မကို တွေးမိအောင် ဖန်တီးခဲ့သလိုရယ်

ကျွန်မဟာ လမ်းနံဘေးက ရေတွေလို ကျွန်မအစိတ်အပိုင်းတွေ အငွေ့ပျံတာ ကြည့်နေမိတယ်
ဒီရေစိုနေတဲ့ မီးခိုးမြူဟာ၊ ညဘက် အငွေ့ပျံရေစက်တစ်စက် မနက်မရောက်ခင်ပဲ
ထွက်ခွာသွားပြီလေ။

(ဆာရာကေး)

အမျိုးအစား (The Type)

အကယ်၍သာ ရှင်က မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာရင် ယောက်ျားလေးတွေ ကြည့်ဖို့အတွက်ပေါ့။
ရှင့်ကို သူတို့ကြည့်တာ ခွင့်ပြုနိုင်တယ်။ ဒါပေမယ့် လက်တွေအတွက်

ဒါမှမဟုတ် ပြူတင်းပေါက်တွေအတွက်
ဒါမှမဟုတ် ကြည့်မှန်တွေအတွက် ရှင့်မျက်လုံးတွေကို အမှားမခံပါနဲ့။

မိန်းမတွေဘာနဲ့တူတယ်ဆိုတာ သူတို့ကို ကြည့်ခွင့်ပြုပါ
အရင်က တစ်ခါမှ မတွေ့ဖူးနိုင်လောက်ဘူးလေ

အကယ်၍သာ ရှင်က မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာရင် ယောက်ျားလေးတွေ ထိတွေ့ဖို့အတွက်ပေါ့။
ရှင့်ကို သူတို့ထိတာ ခွင့်ပြုနိုင်တယ်။

တစ်ခါတလေမှာ သူတို့ရောက်နေရာ နေရာဟာ ရှင်မဟုတ်ပါ
တစ်ခါတလေမှာ သူတို့ဆိုက်ရောက်ရာ အဲဒီနေရာက ပုလင်းတစ်လုံး။ တံခါးတစ်ချပ်။ ဆင်းဒဝှစ်ခ်ျတစ်ခု။ ပူလစ်ဇာ။
အခြားသော မိန်းမတစ်ယောက်ပါ။

ဒါပေမယ့် သူတို့လက်တွေ ပထမဆုံးရှင့်ကို ရှာတွေ့ခဲ့။ စောင့်ရှောက်ပေးသူတစ်ဦးအတွက်
ဒါမှမဟုတ် မိန်းမအဖြစ် အတင်းအကြပ်ပုံဖော်ထားခံရသူတစ်ဦးအတွက်။ ဒါမှမဟုတ် ကတိတစ်လုံးအတွက်။
ဒါမှမဟုတ် သားကောင်တစ်ကောင်အတွက်။
အဆာပြေမုန့်ပဲသွားရေစာတစ်ခုအတွက် ရှင့်ကိုယ်ရှင် အမှားမခံပါနဲ့။
ရှင်က မိန်းမတစ်ယောက်ပါ။ အရေအသားနဲ့ အရိုးများ။ သွေးလွှတ်ကြောများနဲ့ အာရုံကြောများ။ ဆံနွယ်များနဲ့ ချွေးပေါက်များ။ ရှင်ဟာ တောင်းပံတိုးရှိုးသံ။ ခွင့်ပြုပေးခြင်းများ၊ တင်စားချက်များရဲ့ အပြုလုပ်ခံမဟုတ်ဘူး။

အကယ်၍ ရှင်ဟာ မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာခဲ့ရင် ယောက်ျားတွေ ပွေ့ဖက်ဖို့အတွက်ပေါ့။
ရှင် သူတို့ကို ဖက်ထားခွင့် ပေးနိုင်တယ်။

တစ်နေကုန်သူတို့ ခန္ဓာကြီးထွားအောင် သူအလေ့အကျင့်တွေ ထိန်းသိမ်းပြီး
ကိစ္စပြီးသွားတောင်မှ၊ အဲဒီအရာက သဘာဝကျတဲ့ ခံစားချက်ကို ဖြစ်စေတုန်း၊ ကြွက်သားတွေတောင့်တင်းတုန်း

လက်မောင်းနဲ့ကျောရိုးတွေ လုံးကျစ်သန်မာနေတုန်း။ ယောက်ျားတချို့သာ သူတို့ကိုယ်သူတို့ ရှင့်အနားက
question mark (?) ထဲ သူတို့ကိုယ်သူတို့ ကွေ့ကောက်တဲ့ ခံစားချက်မျိုးကို သင်ယူချင်ပါလိမ့်မယ်။

ယောက်ျားတချို့သာ
သူတို့မှာအဖြေတွေမရှိဘူးလို့ ခွင့်ပြုပေးပြီး
ယောက်ျားတချို့က အခုချက်ခြင်း သူတို့မှာ ရှိသွားလိမ့်မယ်လို့ သူတို့ထင်ခဲ့တယ်

ယောက်ျားတချို့က ရှင့်ကို အဖြေတစ်ခုလို ပွေ့ဖက်ထားချင်ကြမယ်
ရှင်က အဖြေမှမဟုတ်တာ

ရှင်က အမေးပုစ္ဆာလည်း မဟုတ်ပါဘူး။ ရှင်က ကဗျာတစ်ပုဒ်မဟုတ်ပေဘူး။
ဒါမှမဟုတ် ရှင်က အတည်ပေါက်နောက်စရာ မဟုတ်ဘူး။ စကားထာလည်း မဟုတ်ဘူး။ ပြက်လုံးမဟုတ်ဘူး။
အမျိုးသမီးရေ။ အကယ်၍ ရှင်က ယောက်ျားအမျိုးအစားရဲ့ ချစ်ချင်စရာအဖြစ် ကြီးပြင်းလာမယ်ဆိုရင်
ရှင်က သူတို့ကို ချစ်ဖို့ ခွင့်ပြုနိုင်ပါတယ်

ရှင်ကချစ်မိပြီဆိုရင်၊ အဲဒီအရာက လမ်းဘေးရေအိုင်ထဲ နှစ်ပေါင်းများစွာနောက် ခြေစုံပစ်ခုန်ချပြီး
သမုဒ္ဒရာကြီးကို ရှာဖွေတွေ့ရှိသွားတာ၊ အဲဒီအရာက ရှင့်မှာ လက်တွေရှိကြောင်း ဆင်ခြင်တာ
ပရိတ်သတ်ကြီး အိမ်ပြန်သွားမှ ကြိုးတန်းပေါ် လမ်းလျှောက်ရတာ

အကယ်၍များ မိန်းမအမျိုးအစားဖြစ်ရင် အံ့သြရင်း ရှင်အချိန်တွေ မဖြုန်းဘဲနဲ့
ယောက်ျားတွေ အမဲလိုက်ကြလိမ့်မယ်။ မော်တော်ကား အချက်ပေးသံအသည်းနှလုံးနဲ့ သူကရှင့်ကို ထားခဲ့ရင်
တစ်ယောက်တည်း သီချင်းသံကျူးဖို့ သင်ယူလိုက်ပါ။

အဲဒီအချစ်က ရှင့်ကို သက်ပြင်းချခြင်းနဲ့ဆားငံအရသာနဲ့အတူ ထားခဲ့ရင်တောင်
သမုဒ္ဒရာတွေကို ချစ်တာရပ်ဖို့ ခက်လှတယ်။
ညဘက် အိပ်ယာအောက်ထဲ ရှင်နာမည်ပေးတဲ့တစ်စုံတစ်ရာ ဖွက်တဲ့အချိန်မှာ
ရှင်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် ရှင့်ကိုယ်ရှင် ခွင့်လွှတ်ရမယ်။
အမှားတွေ

ပြီးတော့ ရှင်သိပါတယ်။
ဒီနေ့ထိ ရှင်ပိုင်ဆိုင်တာတွေလို့ အမည်တပ်ထားတာတွေအတွက် နေရာလေးတစ်ခုရှာနေတဲ့
မိန်းမအမျိုးအစားတစ်ခုရယ်လို့ ရှင်သိထားစမ်းပါ။

အမြဲတမ်းရောက်ဖူးနေတဲ့နေရာဆီက
ဒီရုပ်တုတွေ ကျကွဲခွင့်ပေးလိုက်စမ်းပါ

ရှင်က ကိုယ်ကိုယ်ကိုယ် တည်ဆောက်နိုင်တဲ့ မိန်းမတစ်ယောက်
ရှင်က မွေးရာပါ တည်ဆောက်သူပါ

ဆာရာကေး


Comments