နားနဲံမြင်ရတဲ့အသံ

နားနဲ့မြင်ရတဲ့အသံ
::::::::::::::::::::::::
နေ့စဉ်သုံးနေရတဲ့ မိခင်ဘာသာစကား ဖခင်ဘာသာစကား
တမ်မတော်သည်အမိတပ်မတော်သည်အဖတဲ့
လုံးဝအယုံအကြည်မရှိတော့ဘူး
ဒင်းတို့အဖွဲ့အစည်း ၂၅%ဟာ ဘယ်အချိန်မှ
မှန်ကန်တဲ့ဘာသာစကားတွေမတီထွင်နိုင်သူတွေ
လူအဖြစ်ရှင်သန်ခြင်းကိုခြောက်လှန့်သံတွေဖန်တီးကြ
အမှန်တရားမှာယွင်းအောင်ကိုလိုနီချဲ့နေလျှက်
ကံငါးပါးစလုံးကြူးလွန်ကြတဲ့ဇွန်ဘီးအနွယ်ဝင်တွေ
သူတို့ဟာနောက်ပြီး အကြောက်တရားနဲ့စိတ်ပိုင်းဆိုင်ရာနာကြင်နေသူတွေပေါ့
အပုပ်နံ့တွေရေခဲရိုတ်ထားရင်းသန့်စင်နေကြသူတွေ
မှတ်ဥာဏ်ထဲအကြောက်တရားစွဲနေသူတွောဟာ အမှန်တရားနဲ့ကင်းကွာတယ်
ဘုရာသခင်နဲ့ကင်းကွာတယ်
အလှတရားနဲ့ကင်းကွာလာတယ် ငြိမ်ချမ်းမှုနဲ့ကင်းကွာလာပြီး
ခက်ထန်ကြမ်းတမ်းလာကြတယ်
သေရမှာလည်းကြောက်နေကြသလိုရှင်သန်ချိန်တွေလည်းစိုးထိတ်နေကြတယ်
ကြင်နာတက်တဲ့အသိဉာဏ်ဟာသံသရာအဆက်ဆက်ငြိမ်းချမ်းတယ်ဆိုတာမသိကြသူတွေ
စိတ်အရင်းအမြစ်မဖွံ့ထွားမကြံ့ခိုင်တဲ့အခါ
အမှန်တရား မဲပြားတွေခိုးတယ်
သူတို့ကိုယ်ကျင့်တရားရဲ့အဇ္ဈတ္တဟာအတ္တသံတွေဖန်တီးတယ်
အဝတ်အစားတွေပြောင်းဝတ်တယ်အသိတရားတွေမပြောင်းနိုင်တဲ့ လူ့အန္ဓတွေ
ဒင်းတို့ယဉ်ကျေးမှုဟာ မျိုးချစ် တပ်ချစ်တွေ
လိုအင်ဆန္ဒရဲ့သံသယမှာ မီးလောင်နေကြသူတွေ အစိမ်းရောင်စာအုပ်နဲ့အရှင်လတ်လတ်သေဆုံးနေကြတဲ့ ဘာသာစကားတွေပဲဖြစ်တယ်။

လင်းဆက်ဝေ(ပျဉ်းမနား)


Comments