စိတ်နှစ်ခု ထိမ်းမြားလက်ထပ် ခြင်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
စိတ်နှစ်ခုရဲ့ ထိန်းမြားမင်္ဂလာပွဲအတွက်
အသိသက်သေမလိုဘူးလေ
စိတ်ကွယ်ရာမရှိဘူးဆိုပေမယ့်
ငါတို့ရဲ့မင်္ဂလာပွဲ ဘယ်သူမှမသိခဲ့ဘူးပဲ
ယုံကြည့်မှု့နဲ့ တည်ဆောက်ထားတယ်
မိုင်တွေဘယ်လောက်ကွာခြားလည်း
ငါတို့စိတ်နှစ်ခုဟာ အကြင်လင်မယားပဲ
နှလုံးသားတွေပေါင်းကူးဖို့ စိတ်ချင်းထပ်ခဲ့ကြ
ပတ်ဝန်းကျင်း စကားလုံးတွေ ဂရုမစိုက်ဘူး
နှစ်ဦးသား စိတ်ရဲ့သံယံဇာတ တွေ
အပြန်အလှန် ကျစ်လိုက်တဲ့ကြိုးတွေက
လိပ်ပြာသန့်တယ်
ချရေးလို့မရတဲ့ ၀ါကျတစ်ကြောင်းမှာ
ငါ့တို့ သိက္ခာ အပြည့်အနက် ရှိတယ် ဆိုတာ...
ငါတို့ရဲ့တေးသွား ရနံ့လှိုင်မိုးလုံးပြည့်ပေါ့
သွပ်သွပ်ခါအနမ်းတွေနဲ့ လောကကြီးကို
အင်္ကျီဝတ် ဆင် လို့...
စိတ်တစ်ခု ရဲ့ ခမ်းနားထည်ဝါမှု့ကို ငါတို့ဝတ်ဆင်လိုက်ကြတာ
သက်ဝင်ယုံကြည်မှု့နဲ့ လှနေတာများ ...
အသက်ရှူသံများ ကြံ့ခိုင်သန်းစွမ်းတယ်
Comments
Post a Comment