ပျောက်ဆုံးမနေသော ပုန်ကွယ်မှု
_____________________________
ကိုယ်တို့ရဲ့ အဘိဓမ္မာမှာ ဆုံမှတ်ဟာ အချိုးအကွေ့တွေနဲ့
ညှိုးလျလိုက် လန်းဆန်းလိုက်နဲ့
၃၆၅ရက်ကို ဖြတ်ကျော်ခဲ့ပြီး
ရှေ့ဆက်....
တစ်ယောက်စိတ်မှာတစ်ယောက်
ပစ္စုပ္ပန်မှာ နေသားတကျပွင့်ဝေရုံပဲလွမ်းကြရင်း
ဘယ်နေရာမှာလဲ ပျော်စရာအဆစ်
ရှိခဲ့ရင်ပေးပါ ကံကြမ္မာ
နေ့စဉ် အသက်ရှူမှုထဲက သွေးတိုးနှုန်းတွေ
တွေ့ကြုံစရာ ဝေါဟာရအစိမ်းများ
ဆင်ခြင်မှု အဖွင့် အပိတ်မှာ ရက်ရာဇာနဲ့ ပြဿဒါဟာ ကျောခြင်းကပ်လျှက်
နံနက်ဖြန်ဟာသေချာတဲ့ အချို အခါး
ကော်ဖီလို ကိုယ်နှစ်သက်ရာ ရွေးချယ်စရာရှိသလား
နစ်မြုပ်နေတဲ့အရောင်ဟာ အနက် အဓိပ္ပါယ် မှာ အဓိပ္ပါယ်ပါပဲ
ငြင်းခုန်စရာ အိပ်မက်နဲ့ စိတ်ကူး အတူတကွ လမ်းသလားကြရင်
ဘဝခရီး တိုမှာလား ရှည်မှာလား
သံသရာဟာ မျက်မှောက်မှုထဲကဆင်ချင်တုံးတရား
ဘယ်ဘဝရဲ့ ဝတ်မှုံကူးခဲ့ဖူးတဲ့ မေတ္တာနဲ့
တနေရာစီမှ တနေရာစီ ဝေကွာခြင်းထဲက ချိတ်ဆက် ချည်နှောင်မိသော
သံယောဇဉ်လို လိင်ဆန္ဒများလား
ပေါက်ကွဲပီးမှ ပွင့်တဲ့ပန်း သူမရင်မှာ အေးမြဆစသား။
လင်းဆက်ဝေ(ပျဉ်းမနား)
15.8.2015
Comments
Post a Comment